" မင်းဘာလုပ်ပြန်ပီလဲ !! "
နားအူသွားတော့ ph ကိုခပ်ဝေးဝေးခွာပီး သက်ပြင်းချမိသည် အ့လိုမထင်ရင်မထင်သလို အော်တတ်တဲ့အကျင့်ကို ဘယ်တော့မှပြင်မလဲမသိ
" hyung ရယ် ကျွန်တော်လုပ်တာမှ မဟုတ်ပဲ သူ့ဟာသူလာတာလေ "
" အ့တာနဲ့ပဲ မင်းကလက်ခံစရာလား ! "
Tsk အော်တော့ အော်ချင်သလိုသာအော်တော့ အချိန်တန်ရင် အသံနာပီး ပါးစပ်ပိတ်သွားလိမ့်မယ် ...
" Kim Jong In မင်းတို့နှစ်ယောက်လုံး ဘယ်မှမသွားနဲ့ ငါလာခဲ့မယ် "
တီခနြဲပတ်ကျသွားတဲ့ ph လိုင်းကိုခေါင်းခါ လိုက်သည် အလိုမကျမှုနဲ့ ချက်ချင်းနောက်ကို လှည့်သွားမိသည်
" Kyungsoo ဒီကိုခိုးထွက်လာတာလား? "
အိပ်နေတဲ့ kyungsoo ကိုကြည့်ပီး မနှောင့်ယှက်ချင်တော့တာနဲ့ အောက်ထပ်ကိုဆင်းလာ လိုက်သည် hyung ရောက်လာရင် ကမ္ဘာစစ် ဖြစ်ဖို့ပြင်ဆင်ရဦးမယ်လေ
" Jong in "
ရေသောက်နေတုန်းအသံကြားလို့ နောက်လှည့်ကြည့်မိတော့ မျက်လုံးပွတ်ပီးရပ်နေတဲ့ kyungsoo ကိုတွေ့လိုက်သည် သူပြုံးပီးကြည့် နေတုန်း kyungsoo ဗိုက်ထဲကအော်သံကြား တော့ မထိန်းနိုင်ပဲရယ်မိသည်
" မရယ်နဲ့ !"
" ဘာစားမလဲ "
မေးသာမေးလိုက်ပေမယ့် လက်ကအဆင်သင့် အလုပ်စလုပ်နေပီ oven ပေါ်မှာ pan ကိုတင်ပီး kyungsoo ဘက်လှည့်လိုက်တော့ သူ့ကို စူးစမ်းသလိုကြည့်နေတာ တွေ့လိုက်သည်
"ဘာလို့အ့လိုကြည့်နေတာလဲ"
" အမ် ... ဘယ်တုန်းက ချက်တတ်သွားတာလဲ "
Kyungsoo စကားကြောင့် စိတ်အလိုမကျဖြစ်သွားသည် နဂိုထဲကချက်တတ်ပီးသားကို ..
" နဂိုထဲက တတ်သားပဲ "
သူ့စကားဆုံးတာနဲ့ kyungsoo က ရယ်သည် ရယ်စရာပါနေလို့လား ? သူခပ်တည်တည်နေတာ မြင်တော့ ရယ်နေတဲ့အရှိန်ကို ရပ်လိုက်သည် kyungsoo ကဟိုကြည့်ဒီကြည့်နဲ့တခုခုကိုရှာနေသည်