မျက်စိရှေ့က laptop ကို ပေါက်ထွက်မတတ် စူးစူးဝါးဝါး ထိုင်ကြည့်နေလိုက်သည် .. သူ့စိတ်ထဲမှာ အမုန်းတွေအပြည့် .. ဒေါသထွက်မှုတွေအပြည့် .. ဘယ်သူ့မှ ပုံချစရာမရှိတော့ သူ့ကိုပိုဒေါသထွက်အောင် လုပ်မိတဲ့ laptop စီကိုပဲ ဒေါသတွေစုပြုံရောက်သွားသည်
တလိပ်လိပ်တက်လာတဲ့ ဒေါသနဲ့အတူ ခေါင်းကိုက်မှုက လိုက်ပါလာတော့ နားထင်ကိုအသာပွတ်မိသည် .. စားပွဲခုံပေါ်က ရေခဲရေကို မော့သောက်လိုက်သည် .. အေးခနဲဖြစ်သွားပေမယ့် စိတ်ထဲက ဒေါသအပူမီးကို တော့ အေးအောင်မလုပ်နိုင်သေး..
မနေ့က သူတို့အတူတူသောက်ကျသည် .. မနက်ရောက်တော့ ဘေးမှာ jongin ရှိမနေ ..
kyungsoo ..
ပြန်လာခဲ့မယ် အလုပ်ရှိလို့
See you soon ..
Jonginအ့လို သုံးစားမရတဲ့ စာရွက်တရွက်ကသာ သူ့ကို good morning လုပ်ပြနေသည် .. ရေးထားတာကလဲ သုံးကြောင်းထဲ!!!! .. အိမ်မှာလဲ ဘယ်သူမှရှိမနေ .. သုံးယောက်သား ပျောက်ချင်းမလှပျောက်သွားသည်
ဒီလိုဆိုတော့လဲ မဖြစ်တော့ .. kyungsoo ထိုင်မနေနိုင်ပါ.. နောက်ဆုံး အကြံပေါင်းစုံထုတ်ရင်း jongin ph ကို ခြေရာခံဖို့အကြံရသွားသည် .. တခါမှ မလုပ်ဖူးပေမယ့်ကြိုးစားရမှာပေါ့
----------------------------------
ထိုင်ကြည့်သည် .. မရ .. မတ်တပ်ရပ်ကြည့်သည် .. ဒါလဲမရသေး .. ဆိုဖာလက်တန်းပေါ်ကို ခြေဖျားထောက်ပီးရပ်ကြည့်သည်.. မရသေး .. ဝရံတာ ကနေ ကျော်ကြည့်သည့် ... နည်းနည်းတော့ရသွားသည် ဒါပေမယ့် အရှိန်လွန်ပီးလက်တော့လွတ်ကျမလိုဖြစ်သွားတော့ ကြောက်လန့်တကြားနဲ့ အမြန်ဖမ်းလိုက်ရသည်
သူပါ ဝရံတာက တဝက်ကျော်သွားသည် .. တဒိန်းဒိန်း ခုန်နေတဲ့ ရင်ကို အသာထိန်းပီး တုန်တုန်ရီရီနဲ့ အိမ်ထဲပြန်ဝင်လာသည် .. အခန့်မသင့်ရင် သေတော့မလို့ .. နှစ်ထပ်ပေါ်ကပြုတ်ကျရင် နာမှာကိုတွေးရင်း kyungsoo တံတွေးမျိုချမိသည်