L.O.V.E-8

5.3K 305 4
                                    


Jungkook ည 8 နာရီ အိမ်​ပြန်​​ရောက်​လာသည်

သူအိမ်​ထဲကို ဝင်​ဝင်​ချင်း ဆိုဖာ​ပေါ်မှာ အိပ်​​ပျော်​​နေတဲ့
Taehyung ကို​တွေ့လိုက်​ရသဖြင့်​ သူ့မျက်​နှာမှာ
သူကိုယ်​တိုင်​​တောင်​မသိတဲ့ အပြုံး တစ်​ခုဖန်​တီးမိလျက်သား

သူ့စကားကို နား​ထောင်​​သေးသားပဲ
သူနဲ့ လက်​ထပ်​ တဲ့​နေ့ကတည်းက သူအိမ်​မ​ရောက်​မချင်း
မအိပ်​ပဲ​စောင့်​ခိုင်းထားတာ ခု​စောင့်​​တော့​စောင့်​​နေ​ပေမယ့်
အိပ်​​ပျော်​​နေတယ်

Jungkook Taehyung
အိပ်ေ​နတဲ့ဘေးမှာထိုင်​​လိုက်သည်
အိပ်​​နေတဲ့​ကောင်​​လေးက လမင်းလိုပဲ လူကို
ကြည့်​လင်​​အေးမြ​စေတယ်​ ​အေးချမ်း​စေတယ်

Jungkook အိပ်​​ပျော်​​နေတဲ့
Taehyung ကိုကြည့်​​နေတုန်း
Taehyung မျက်​လုံးပွင့်​လာပြီး သူ့ကို​တွေ့​တော့
အလန့်​တကြား ထရပ်​လိုက်​တယ်

"Hyung ပြန်​လာပြီးလာ ​တောင်းပန်​ပါတယ်
အိပ်​​ပျော်​သွားလို့ ကျွန်​​တော်​ အိပ်​ဖို့ပြင်​ဆင်​​ပေးမယ်​"

"Taehyung ဒီနားလာခဲ့ "

အေးစက်​စက်​ အသံနဲ့ ​ခေါ်လိုက်​တ
ဲ့ Jungkook ​ကြောင့်
Taehyung ဒူး​တောင်​မခိုင်​ချင်

Jungkook ကသူ့ကိုအပြစ်​​ပေး​တော့မှာလား
သူ့အမှားပဲ​လေ အိပ်​​ပျော်​သွားမိတာကိုး

Jungkook သူ့နားကိုဖြည်းဖြည်းချင်းကပ်​လာတဲ့
Taehyung ကိုသူစိတ်​မရှည်​​တော့​သော​ကြောင့်​ Taehyung ရဲ့လက်​ကို လှမ်းပြီးဆွဲချလိုက်​သည်

Jungkook ဆွဲချလိုက်​တဲ့ အရှိန်​ နဲ့ နဂိုထဲက ဒူးမခိုင်​တဲ့ Taehyung​ကြောင့်​ Jungkook ​ပေါင်​​ပေါ်မှာ
Taehyung ထိုင်​မိလျက်​သားဖြစ်​သွာသည်

Taehyung အတင်းပြန်​ထဖို့ကြိုးစား​သော်​လည်း
Jungkook ရဲ့သန်​မာတဲ့လက်​​တွေက သူ့ခါးကို
ဆွဲဖက်​ထားတာ​ကြောင့်​ ကြို စားမှု အရာမထင်

Taehyung သူ့ရင်​​တွေ အရမ်းခုန်​ပြီး
အရမ်းလည်း​ကြောက်​​နေသည့
သူ့ကိုဘယ်​လိုအပြစ်​မျိုး
ပေးမှာလည်းသူမသိ

L.O.V.EWhere stories live. Discover now