Jungkook'pov
Jungkook တစ်ယောက်တော်တော်လေးကို မျက်စိနောက်နေပြီး
Taehyung ပေါ့ မနက်အပြင်ကပြန်လာကတည်းက
ဂနာမငြိမ်တာရယ်သူ ဧည့်ခန်းထဲမှာ စာအုပ်ဖတ်နေတုန်း ဘေးနားက
ရယ်သံကြားလို့ ကြည့်လိုက်တော့ Taehyung ပေါ့
အိမ်ထဲက ပန်းအိုးကိုကြည့်ပြီးရယ်နေတာ
ဘာများရယ်စရာရှိလို့လည်းသူ့ဘာသူရယ်နေတုန်း Jungkook ကြည့်နေတာ
သတိထားမိတော့ မသိချင်ယောင်ဆောင်ပြီး
ခြံထဲဆင်းသွားလေရော/ဒီလိုမသိချင်ယောင်ဆောင်တာမျိုး Jungkook ကိုလုပ်လို့
မရဘူးလေ/jungkook ဘာမှမပြောပဲ အိမ်ထဲကနေ ဆက်ကြည့်နေလိုက်သည်
ခြံထဲဆင်းတော့လည်း အငြိမ်မနေတတ်သူပါ
ပန်းခြံထဲသွားပြီး ပန်းပွင့်လေးတွေကို ကိုင်လိုက်ကြည့်လိုက်
ခနနေကျတော့ ရယ်လိုက်သွားပြန်ပြီး ရေကူးကန်နားသွားပြီး ရေကန်ထဲ ခြေထောက်စိမ်ပြီးဆော့နေတယ်မျက်နှာက ငါးခူပြုံးနဲ့
ဟော သွားပြန်ပြီး ဒန်း ဆီ ငါးခူပြုံးကမပျက်ဘူးဒီကောင်လေး ဦးနှောက်ရောကောင်းရဲ့လား
•~•~~•~•~•~•~•~•~•
တဖက်က Taehyung မှာတော့ သူ့ကို အိမ်က
အလုပ်သမားတွေကအစ ကွက်ကြည့်ကွက်ကြည့်
ကြည့်နေတာလည်းမသိ ကိုယ့်အတွေးနဲ့ကိုယ်
ပြုံးပျော်လျက်အကြောင်းရင်းကတော့ ပြောစရာမလိုဘူးလေ
သူဒီနေ့ shopping ထွက်ခဲ့ရတယ်လေ ချစ်တဲ့သူနဲ
အဲ့ဒီထက်ပိုပြီး ပျော်ရွှင်စေတဲ့ အကြောင်းရင်ရှိနိုင်ပါ့မလား"Taehyung ညနေ party ရှိတယ် ပင်ပန်းနေမယ် အနားယူအုံးလေ"
Jungkook ရဲ့ အသံကြောင့် Taehyung အိမ်ထဲပြန်ပြေး
ဝင်လာသည်"သွားအနားယူအုံးလေ"
"Nae hyung"
Taehyung သူ့အခန်းထဲကိုရောက်ပြန်တော့လည်း
ရင်ထဲမှာ ပန်းတွေ ပွင့်လန်းလို့
သူ့အခန်းထဲမှာ jungkook ဝယ်ထားပေးတဲ့
အဝတ်အစားတွေ အပြည့်
YOU ARE READING
L.O.V.E
Fanfictionခင်ဗျားသူ့ကိုချစ်တာမဟုတ်ဘူး သူ့ကိုပိုင်ဆိုင်ချင်ရုံသက်သက်ပဲ မဟုတ်ဘူး ကျူပ်ကခင်ဗျားနဲ့မတူ လုံးဝမတူဘူး ဟုတ်တယ်သူနဲ့မတူဘူး ကျွန်တော်က ပျော်ရွင်စေချင်ရုံလေးပါ မရည်ရွယ်ပါဘူး