L.O.V.E-14

5K 278 5
                                    

တရွေ့ရွေ့ သွားလာလှုပ်ရှားနေသော
သူများကြား Taehyung သည်လည်း
ရောနှော သွားလာလျက်ရှိသည်

သူဒီနေ့ Coffee ဆိုင်ကို
စောစောရောက်လာသည်
သူ့ ဂျူတီ မကျသေးသဖြင့်
ဆိုင်ထောင့်တစ်နေရာတွင်
ထိုင်ကာ အိမ်စာများ
လုပ်နေလိုက်သည်

Taehyung စာလုပ်နေရင်း
သူရှေ့သို့ရောက်လာတဲ့
Hot Chocolate ပူပူကြောင့်
မော့ကြည့်လိုက်တော့
သူ့ကို ပြုံးပြနေတဲ့
Namjoon hyung

"Hyung ဘာလာလုပ်တာလည်း
ချိန်ထားတာရှိတာလား"

"မရှိပါဘူး ဒီတိုင်း Tae ဆီပဲလာတာ"

"Hyung ကျွန်တော့်မှာ အချိန်သိပ်မရှိ
တော့ဘူး ခနနေ ဂျူတီ ဝင်ရတော့မှာ "

"ဘာမှမဖြစ်​ဘူး ဒီနေ့ Tae ကို
ပြန်လိုက်ပို့မှာ Tae ပြီးတဲ့ အချိန်ထိ
စောင့်နေမယ်"

"Nae Hyung"

အိမ်ပြန်လိုက်ပို့မှာကို
ငြင်းလို့ ရမှာမဟုတ်မှန်း
သိသည့် အတွက်
Taehyung
လက်ခံလိုက်သည်

အချိန်တွေ တရွေ့ရွေ့ ကုန်​ဆုံး လာကာ
ဆိုင်တွင်လည်း လူပါးကုန်ပြီး
Taehyung လည်း သူ့
ဂျူတီ ပြီး၍ Namjoon ကားဆီ သို့
ထွက်လာခဲ့သည်

Namjoon ကဖုန်းပြောနေရင်း
သူ့ကို တွေ့သဖြင့် ဝင်ခဲ့ရန် ပြောလိုက်သည်

"Tae အခု ကုမ္ပဏီ မှာ
အရေးကြီး ကိစ္စလေးပေါ်လို့
အိမ်ခနပြန်ပြီး ကုမ္ပဏီ
တစ်ချက်သွားရမယ်
Tae hyung ရဲ့ အိမ်ကို
ခန လိုက်ခဲ့ပါလား
ရတယ်မလား"

"Nae ရပါတယ် hyung"

မိနစ်အနည်းငယ် ကားစီးပြီး၍
ဘေးပတ်ဝန်းကျင်ကို
လှည့်ပတ်ကြည့်လိုက်သောအခါ
အဆင့်မြင့် တိုက်ခန်း

Namjoon hyung က
အန်တီ Sora တို့နဲ့ မနေဘူးလား

"Hyung တစ်ယောက်တည်း
နေတာ "

သူ့အတွေးမဆုံးခင် ပြောလိုက်တဲ့
Namjoon ကြောင့် သူ
ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်

"Tae ကားထဲမှာပဲ စောင့်နေမလား
အိမ်ထဲဝင်အုံးမလား"

Namjoon စကားကြောင့်
Taehyung ပတ်ဝန်းကျင်ကို
နောက်တစ်ခေါက်
လှည့်ပတ်ကြည့်လိုက်သည်

L.O.V.EWhere stories live. Discover now