L.O.V.E-20

5.2K 331 7
                                    

နွေး​ထွေး​သော အိပ်​မက်​လှလှ​လေးမှ
သူနိုးထလာခဲ့သည်​ အိပ်​မက်​က
ဘယ်​​လောက်​​တောင်​​နွေး​ထွေးလိုက်​သလဲ
မေးရင်​ သူထို​နွေး​ထွေးမှုကို နိုးလာသည့်
အထိ ခံစား​နေရ​သေးသည်​........

ဘေးနားတွင်​ရှိ​သော ​ခေါင်းအုံးကြီးကို
သူအသည်းယားစွာဆွဲဖက်​လိုက်​သည်​.....
ပါးစပ်​မှလည်း တခစ်​ခစ်​ ရယ်​လျက်​....
Hyung က အိပ်​မက်​ထဲမှာ
သူ့ကို ချစ်​တယ်​တဲ့ ​လျောက်​လည်းလည်းကြတယ်
......

/တကယ်​ဖြစ်​ရင်​ ဘယ်​​လောက်
ကောင်းမလည်း....../

ရုတ်​တရက်​ ခါးထက်ကို
ရောက်​လာသည့်​ လက်​တစ်​စုံ​ကြောင့်
သူကိုယ်​​လေးတုန်​သွားသည်​.......
အ​နောက်​ဘက်​သို့ သာသာ​လေး...
လှည့်​ကြည့်​လိုက်​ရာ ​အေးချမ်းစွာ
အိပ်​​နေ​သော Jungkook အား
တွေ့လိုက်​ရသည်​.......

/ommo ငါ့ အိပ်​မက်​က အခုထိ
မပြီး​သေးပါလား......../

အိပ်​​ပျော်​​နေသည့်​ Jungkook
နဖူး​ပေါ် တွင်​ ဝဲကျ​နေသည့်
ဆံပင်​ ညို​လေးများကို သူ့လက်​ဖြင့်
သပ်​တင်​လိုက်​သည်​...........

/Hyung ကကြည့်​လို့​ကောင်းလိုက်​တာ
ကာတွန်းကားထဲက
တော်​ဝင်​မင်းသား ​လေးလိုပဲ/

ထို့​နောက်​ သူ့လက်​​များက
ဘောဘကြီးစွား Jungkook
၏ ​မေးရိုးသွယ်​သွယ်​​လေးကို
ထိကိုင်​မိပြန်​သည်​..........

ထိုအခိုက်​ Jungkook
မျက်​လုံးများ ချက်​ချင်းဆိုသလို
ဖွင့်​လာသည်​.........

"Tae ဘာလုပ်​​နေတာလည်း"

"ဟီး ဘာမှမလုပ်​ပါဘူး"

"ဟုတ်​လို့လား ခုနက ကိုယ့်
မျက်​နှာကို ကြည့်​​နေတာ
ကိုက်​စား​တော့မယ့်​ အတိုင်းပဲ"

"Hyung!!!!!!!!"

"ဒါနဲ့​လေ Tae ကိုယ်​ morning
Kiss လိုချင်​တယ်​ ကိုယ့်​ကို
မ​ပေးချင်​ဘူးလား....."

သူခန ​တွေ​ဝေသွား​သည်​....
သူ့ကိုကြည့်​​နေ​သော Jungkook
က ပြုံးစိစိ.. ........

ထို့​နောက်​ သူမျက်​နှာတစ်​ဖြည်းဖြည်း
Jungkook မျက်​နှာနားသို့
တို့ကပ်​သွားသည်
Jungkook မျက်​နှာနှင့်​နီး​လေ
သူ့မျက်​နှာ ပိုပူ​လေ.........

L.O.V.EWhere stories live. Discover now