စာသင်ခန်းထဲကို လေးပင်စွာ
လျှောက်လာတဲ့ Taehyung"Tae အဆင်ပြေရဲ့လား
နေမကောင်းဘူးလား"Hopie ရဲ့အမေးကို ပြုံးပြီး
ခေါင်းခါ ပြရုံဖြင့်သာ
အဆုံးသတ် လိုက်သည်တကယ်ဆို သူ့မှာ လမ်းတောင်
ကောင်းကောင်း မလျှောက်နိုင်
ခန္ဓာကိုယ် မှာ နာကျင်မှုအပြည့်အရင်ကလည်း နာကျင်မှုတွေရှိပါတယ်
ဒါပေမယ့် ချစ်ရသူရဲ့
ဂရုစိုက်မှုလို့ ခေါ်လို့မရတဲ့
အသေးတကာ့ အသေးဆုံးသောသူရှိနေတယ်လို့ အသိအမှတ်ပြု ခံရရုံတင်
နာကျင်မှုတွေ ဖြေဖျောက်နိုင်တာဒါပေမယ့် ခုတော့ ချစ်ရသူက
သူ့တည်ရှိမှုကို အသိအမှတ်တောင်မပြုတော့လွမ်းနေခဲ့တာ ချစ်ရသူ အဝေးရောက်နေတဲ့
နေ့ရက်တိုင်း သေလောက်အောင်လွမ်းနေ
ခဲ့တာဘုရားသခင် ကအဲ့ဒါကိုသိလို့ ထင်ပါ့
ဒီနေ့ည မှ ပြန်ရောက်မယ့်သူကို
မနက်စောစော ပြန်ရောက်စေတယ်ဒါပေမယ့် ဘုရားသခင် ရက်စက်တယ်
ဘယ်ကမှန်းမသိတဲ့ မိန်းကလေးတစ်ယောက်ကို
ခါးကနေဖက်ထားပြီး အိမ်ထဲခေါ်လာခဲ့တာအိမ်ရှေ့ထွက်ကြိုနေတဲ့ သူ့ပခုံးကို
ခပ်ပြင်းပြင်းတိုက်ပြီး အဲ့ဒီ
မိန်းကလေးနဲ့ ရယ်ရယ်မောမော
အိမ်ထဲဝင်သွားတာလဲကျပြီးကျန်နေခဲ့တဲ့ သူ့ကို
ရှိတယ်လို့တောင် အသိအမှတ်မပြုကျောင်းကို မလာခင်အထိ ကြားနေရတယ်
အခန်းထဲက ထွက်လာတဲ့
မိန်းကလေးရဲ့ ညည်းသံတွေမငိုဘူး လုံးဝမငိုဘူး အစတည်းက
ဒီလိုတွေဖြစ်လာမယ် မှန်းသိနေခဲ့တာပဲမလား
အဲ့အတွက်လည်း ပြင်ဆင်ထားခဲ့တာပဲမလားဒါပေမယ့်.. .....ဒါပေမယ့်.. ........
ဘာလို့....ငိုချင်နေရတာလည်း....
ဘာလို့.......သေတော့မယ်လို့ခံစားနေရတာလည်းအရင်တုန်းကလည်း တစ်ယောက်တည်း
နေလာခဲ့တာပဲ.........ခုမှ..ဘာလို့
ကမ္ဘာကြီး.. .တစ်ခုလုံး မှောင်မှိက်တော့မယ်လို့
ခံစားနေရတာလည်းမကျပါနဲ့.....မျက်ရည်တွေ...ကျေးဇူးပြုပြီး
မကျပါနဲ့.. .... ငါ့မျက်လုံးတွေကို သနားပါ
YOU ARE READING
L.O.V.E
Fanfictionခင်ဗျားသူ့ကိုချစ်တာမဟုတ်ဘူး သူ့ကိုပိုင်ဆိုင်ချင်ရုံသက်သက်ပဲ မဟုတ်ဘူး ကျူပ်ကခင်ဗျားနဲ့မတူ လုံးဝမတူဘူး ဟုတ်တယ်သူနဲ့မတူဘူး ကျွန်တော်က ပျော်ရွင်စေချင်ရုံလေးပါ မရည်ရွယ်ပါဘူး