L.O.V.E-19

5.1K 333 10
                                    

Taehyung ဖုန်းတစ်​လုံးကိုင်​၍
ကုတင်​​ပေါ်တွင်​ ဘယ်​ညာလူးလိမ့်​​နေသည်​......

အ​ကြောင်းမှာ ဟိုတယ်​​ရောက်​​ရောက်​ခြင်း
Jungkook ဖုန်းဆက်​ခြင်း​ကြောင့်​ပင်

ဖုန်းထဲတွင် ​​Jungkook က
သူ့အား သတိရသည်​ဟု ​ပြောသဖြင့်
အ​ပျော်​လွန်​သွားခြင်းပင်​...........

သူ့အား....မချစ်​တောင်
အ​ခြေအ​နေ​တော့တိုးတက်​လာသည်
မဟုတ်​လား.............

•~•~•~•~•~•~•

သူများတကာ.... နာမည်​ကြီး
နေရာများသွား...အမှတ်​တရ
ဓာတ်​ပုံရိုက်​....လက်​​ဆောင်
ပစ္စည်း များဝယ်​​နေ​သော်​လည်း
သူက​တော့ Jungkook ဖုန်းဆက်​မည့်
အချိန်​ကိုသာ တ​မျှော်​​မျှော်​..........

"မင်းက လွန်​လွန်း အားကြီးပါတယ်​..."

မ​ကျေမနပ်​ ဆိုလာသူက Jhope ပင်

"ငါဘာလုပ်​မိလို့လည်း hopie ရ"

"​အေး​ပေါ့​လေ .....အချစ်​ရူးရူး​နေတဲ့သူက
တော့ ဘယ်​သိပါမလည်း အား​နေ
ဖုန်းပဲထုတ်​ကြည့်​​နေတယ်​ မင်းလူကြီးက
ညဘက်​မှ ဖုန်းဆက်​မှာသိရဲ့သားနဲ့"

"ဟီး..."

"ဘာမှ လာဖြီးပြမ​နေနဲ့ လာ မင်း
Hyung အတွက်​ လက်​​ဆောင်
ပြန်​မဝယ်​သွား​ပေးဘူးလာ"

"ဟာ.....ဟုတ်​သားပဲ လက်​​ဆောင်
Hyung အတွက်​ဘာမှမဝယ်​ရ​သေးဘူး"

Jhope ​ပြောမှ သတိရကာ
တွေ့သမျှ ပစ္စည်း ကိုင်​ကာ
ကောင်းမ​ကောင်း ​ဈေးနှုန်း
မေးမြန်း​ကာ Kim Taehyug တို့
အလုပ်​ရှုပ်​ရပြန်​သည်​........

•~•~•~•~•~•~•~•~•~•~•~•~•~•~•

တစ်​ဖက်​က ကိုးရီးယာ တွင်​လည်း
Jungkook တစ်​​ယောက်​ ​နေလို့ကိုမထိ
စိတ်​ထဲတွင်​လည်း ​ပေးမသွားရင်
အ​ကောင်းသား ဟု အခါခါ​တွေးလျက်

ညကျမှ ဖုန်းဆက်​မည်​ဟု ​ပြောထား​သော်​လည်း
အခုပင်​ ဖုန်းဆက်​ချင်​​နေမှာ လက်​ကိုယားလို့
အ​တွေးဖြင့်​ အလုပ်​များ​နေတုန်း
တံခါး​ခေါက်​သံ​ကြောင့်​ အ​တွေးများ
ရပ်​သွားသည်

L.O.V.EWhere stories live. Discover now