L.O.V.E-18

4.6K 343 6
                                    

Taehyung မနက်​​စော​စော
အလုပ်​ရှုပ်​​နေ​သော....
Jungkookအားထိုင်​ကြည့်​​နေသည်

ဘာလုပ်​​နေတာလည်း....
ကူညီ​ပေးရမလားဆို​တော့လည်း...
ငြိမ်​ငြိမ်​​လေးထိုင်​​နေ​ပေးပါတဲ့

သူ့ခဗျာအရုပ်​ကြီးလို
ကျောင်းတက်​ခိုင်းတုန်းကတက်​ခိုင်းပြီး
ခုကျ​တော့လည်း...​ကျောင်းကို
မတက်​ခိုင်းဘူး......
ကျောင်းပျက်​ရက်​ကများ​နေပြီး...
အလုပ်​ကလည်းမရှိ​တော့....

Taehyung ခဗျာ သူ့အပူနဲ့သူ
သက်​ပြင်းချ မိသည်

သူ့အားပြုံးစိစိဖြင့်​ ကြည့်​​နေ​သော
Jungkook အားသတိမထားမိ

•~•~•~•~•~•~•~•~•~•~•~•~•~•~

Jungkook အဘိုးကြီး​ပေါက်​စ​လေးလို
သက်​ပြင်းချ​နေသည့်​ Taehyung အား
ကြည့်​ပြီး ပြုံးမိသည်

ချစ်​ဖို့​ကောင်းလွန်းလို့ပါ

ထို့​နောက်​ သူ့ ခရီး​ဆောင်​အိတ်
အနီ​ရောင်​ အလတ်​တစ်​အိတ်​အား
ထုတ်​၍....Taehyung အား
သူဝယ်​ထား​ပေးသည့်​.......
အင်္ကျီအသစ်​များကို...သုံးရက်​စာ
ထည့်​ပေးလိုက်​သည်​.....

ထို့ပြင်​...ထိုသုံးရက်​စာအတွက်
လိုအပ်​သည့်​ အသုံးအ​ဆောင်​ပစ္စည်း
များကိုလည်း.....​သေချာ​ရွေးထည့်​​ပေး​လိုက်​သည်

ထို​နောက်​....ထိုခရီးဆောင်​အိတ်​ကို.....
အောက်​ထပ်​သို့..ပြန်​သယ်​လာသည်​....

သူခရီး​ဆောင်​အိတ်​ကြီးသယ်​သည်​ကို
Taehyung ​တွေ့သွားသည့်​အခါ
မျက်​လုံးပြူး လျက်​......

သူက​တော့ ကိုယ်​စိတ်​ကူးနှင့်​သူ
ကြိတ်​​ပျော်​​နေသည်

"Tae လာသွားရ​အောင်​."

Taehyung က​တော့
သူ့စကားနား​ထောင်​ကာ
ကုပ်​ကုပ်​​လေးလိုက်​လာရှာသည်

ခရီး​ဆောင်​အိတ်​ ကို
ကား​နောက်​ခန်းထဲထည့်​ကာ
ကား​လေးကို အိမ်​ထဲက
မောင်းထွက်​လာလိုက်​သည်

Jungkook ဦးတည်​​နေသည့်
နေရာမှာ Taehyung
၏​ကျောင်းဖြစ်​သည်

ဆယ်​မိနစ်​ခန့်​ ကား​မောင်းပြီး​နောက်
Taehyung ၏ ​ကျောင်းသို့​ရောက်​ရှိလာသည်

L.O.V.EWhere stories live. Discover now