L.O.V.E-15

5.2K 317 6
                                    

"Tae နေကောင်းရဲ့လား
နှုတ်​ခမ်း တွေလည်း ဖြူနေတာပဲ
မနေ့ကလည်းကျောင်းမလာဘူး
ဘာဖြစ်တာလည်း"

အတန်းထဲသို့ နုံချိစွာဝင်လာသော
Taehyung ကို jhope
အစိုးရိမ်လွန်၍ မေးလိုက်သည်

"Tae တစ်ခုခုပြောအုံးလေ"

Jhope စိတ်မရှည်စွာ အသံ
အနည်းငယ် ကျယ်လိုက်မှ
Taehyung အားပျော့စွာ
ပြန်လည်ပြုံးပြလာသည်

"မနေ့က နေမကောင်းလို့ပါ
ခု သက်သာသွားပါပြီး"

အလွန် တိုးညှင်းလှသော
Taehyung အသံကို
Jhope မကျေနပ် နိုင်

"Tae ဟုတ်မှလည်း လုပ်ပါကွာ
မင်းပုံက လေတိုက်ရင်တောင်
လဲကျ တော့မယ်ပုံမျိုး
လာပါကွာ ကျောင်း
ဆေးခန်း ကို လိုက်ပို့ပေးမယ်"

Jhope ဘယ်လိုပဲ ပြောပြော
Taehyung လက်မခံပဲ
အတန်းချိန်တိုင်းကိုတက်နေသည်

တကယ်တော့
အင်္ကျီလက်ရှည်နဲ့ ဖုံးထားတဲ့
ခန္ဓာကိုယ် အောက်မှာ
နေရာမလပ်အောင် အနီရောင်
အကွက်များ အမှတ်အသားများ
သွားရာများစွာ ရှိနေသည်

လည်ပင်းတွင်ရှိနေသော
အမှတ်များကိုတော့
မိတ်ကပ်ဖြင့် ဖုံးထားရသည်

ခန္ဓာကိုယ် အောက်ပိုင်းကလည်း
သေမတတ် နာကျင်နေသည်

ထို နာကျင်မှုများကို အံတု၍
Taehyung ခေါင်းမာစွာ
စာတွေသင်ယူနေသော်လည်း
သူ ခန္ဓာကိုယ် ကလက်မခံနိုင်တော့

"Sam Taehyung နေမကောင်းဘူး
ကျွန်တော်သူ့ကို နားနေခန်း သွားပို့လိုက်အုံးမယ်"

Taehyung ရဲ့ အခြေအနေကို
ရိပ်မိသော jhope က မနေနိုင်တော့ပဲ
Taehyung ကို နားနေခန်း ထဲသို့
ခေါ်သွားသည်

"ငါ အဆင်ပြေပါတယ် hopie ရာ"

"ဘာအဆင်ပြေတာလည်း
ခနနေရင်ပဲ မေ့လဲတော့မယ့်
ရုပ်နဲ့ ဒီမှာပဲနားနေလိုက်
နေ့လယ် ငါပြန်လာခဲ့မယ်"

"အင် "

Jhope ထွက်သွားပြီးနောက်
တစ်ယောက်တည်း ကျန်ခဲ့သည့်
Taehyung အနားမယူနိုင်

ထိုညက Jungkook ပြောသည့်
စကားများကို ပြန်စဉ်းစားနေသည်

\ငါဘာအမှားများ လုပ်ခဲ့မိလို့ လည်း\

L.O.V.EWhere stories live. Discover now