နှင်းများတဖွဲဖွဲကျနေသော မြောင်ဒုံလမ်းမကြီးထက် အနွေးထည်ထူထူကို ၀တ်ဆင်ကာ သွားလာလှုပ်ရှားနေသူများက အများအပြား ...
ခရစ်စမတ်ပွဲတော်နီးလာပြီ ဖြစ်တာကြောင့် လမ်းပေါ်တွင် ဖွင့်ထားသော ဆိုင်များအားလုံးဟာလည်း မီးရောင်စုံဖြင့် တောက်ပနေကြသည် ။
ထို မြောင်ဒုံလမ်းပေါ်တွင် ဖွင့်လှစ်ထားသော El Dorado ကော်ဖီဆိုင် အတွင်းတွင်လည်း ခရစ်စမတ်သစ်ပင်များကို အလွန်လှပစွာ ပြင်ဆင်ထားပြီး ထိုင်ခုံများကြားတွင် အစီအရီနေရာချထားလေရဲ့ ..
ကော်ဖီဆိုင်အတွင်းတွင်လည်း ခရစ်စမတ်သီချင်းကို ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဖွင့်ထားပြီး ..စုံတွဲအချို့မှာတော့ အေးချမ်းသောရာသီဥတုကို အံတုနိုင်ရန် မွှေးပျံ့လွန်းလှသော ကော်ဖီသောက်ရင်း အနွေးဓာတ်ယူနေကြလေသည် ။
" ဟုတ်ကဲ့ Americano coffee ရပါပြီ ခင်ဗျာ .. ဘာများလိုအပ်သေးလဲမသိဘူး "
" ဟုတ်ကဲ့ မလိုတော့ပါဘူး "
စုံတွဲတစ်တွဲအား ကော်ဖီချပေးရင်း ပြုံးရွှင်စွာ ဧည့်သည့်များကို ၀န်ဆောင်မှုပေးနေသော ချစ်စရာကောင်းလွန်းသည့် စားပွဲထိုးကောင်လေး ... အပြုံးချိုလွန်းလှသော ဒီကောင်လေးကြောင့်ပင် ကော်ဖီဆိုင်လေးက ပိုပြီးအရောင်းသွက်နေသလို ..
ကော်ဖီချပြီးသည့်နောက် ကောင်တာသို့ ပြန်လာခဲ့တော့သည် ။
" Baekhyun nah .. ၈ နာရီတောင် ထိုးနေပြီ .. မင်းကောင်လေး အခုထိမလာသေးပါလား ? "
ကော်ဖီကို ချပြီးတော့ ကောင်တာမှာ ရပ်နေတုန်း အနားမှရပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သော chen ကြောင့် ခုနက ပြုံးရွှင်နေတာ သူမဟုတ်သလို .. မျက်နှာလေးက ညှိုးငယ်လို့ ..
" အင်း .. ငါစိတ်ပူလာပြီကွာ .. သူ လမ်းမှာတစ်ခုခုဖြစ်နေတာတော့ မဟုတ်ပါဘူးနော် "
"မဟုတ်လောက်ပါဘူးကွာ .. နှင်းတွေကျနေလို့ လမ်းပိတ်နေတာနေမှာပါ "
နာရီကို လှမ်းကြည့်လိုက်ကာ လက်များကို အချင်းချင်းဂနာမငြိမ်ဖြစ်နေသယောင် ဆုပ်ကိုင်ရင်း စိတ်ပူစွာ ပြောနေသော baekhyun အား ပခုံးကို လှမ်းပုတ်လိုက်ကာ အားပေးစကားပြောလိုက်သော Chen ..
YOU ARE READING
Heart Ruler
FanfictionMy Heart is Ruled by rule..! You are my heart ruler..! Chanbaek(Yaoi) Collaboration Fic by PuppyYoda_Lover and YeolliesSakura