Let me go!..

4.4K 514 20
                                    

Baek's pov ;

ဆေးရုံက ခုံပေါ်ထိုင်ရင်း ငိုနေတုန်း ကျွန်တော့်ရှေ့ရောက်လာတဲ့ ဘွတ်ဖိနပ်တစ်ရံကြောင့် ခေါင်းမော့ကြည့်လိုက်တော့ ..

" Yeol "

" မငိုပါနဲ့ baek "

သူ .. သူ အခု ကျွန်တော့်ဆီ ဘာလာလုပ်တာလဲ ?

ကျွန်တော် မျက်ရည်တွေ စိုစွတ်နေတဲ့ မျက်ဝန်းကို အတန်ငယ်မာထန်လိုက်ရင်း သူ့ကို စိုက်ကြည့်လိုက်မိသည် ။

" ဘာလာလုပ်တာလဲ ? "

အေးစက်စက်အသံနဲ့ မေးလိုက်တော့ ..

" ကိုယ် လည်ချောင်းနာနေလို့ ဆေးရုံလာပြတာလေ .. Baek ဘာလို့ ငိုနေတာလဲ ? "

အပြစ်ကင်းစင်လွန်းတဲ့ မျက်နှာထားနဲ့ ကျွန်တော့်ဘေးဝင်ထိုင်ကာ ကျွန်တော်ပခုံးကို နူးညံ့စွာ လက်တင်လာပြီး မေးခွန်းထုတ်လေရဲ့ ..

" မထိပါနဲ့ "

ပခုံးပေါ်က သူ့လက်တွေကို အလိုမကျစွာ ဖယ်ထုတ်လိုက်ပြီး ထိုင်နေရာက မတ်တပ်ရပ်လိုက်တော့ သူက နားမလည်ဟန်နဲ့ ကြည့်လေတယ် .. အလကား ။

" baek .. ဘာစိတ်ညစ်စရာ ရှိလို့လဲ ? "

ကျွန်တော့်မှာတော့ ချစ်လိုက်ရတာ .. ဘေးနားကနေ အရိပ်တကြည့်ကြည့်နဲ့ ချစ်နေလိုက်ရတာ .. သူကတော့ အပျင်းပြေ ကစားရုံတဲ့လား !!

အရည်တွေ ရွှန်းလဲ့နေတဲ့ မျက်လုံးဝိုင်းလေးတွေက အခုတော့ ကျွန်တော် စိတ်ထဲ မုန်းစရာ ..

" လိမ်ရတာ ပျော်ဖို့ကောင်းလား ? ဘာမှနားမလည်ပဲ မင်းရဲ့ဘေးနားမှာ အရူးတစ်ယောက်လို လိုက်ကပ်နေတဲ့ ငါက မင်းအမြင်မှာ မင်းပျော်ဖို့အပြင်းပြေ ကပြနေတဲ့ ရုပ်သေးရုပ်လို့ ထင်နေလားလို့ ? !! "

ဆေးရုံဆိုတာကိုလည်း သတိမရတော့ဘဲ မျက်စိမှိတ်ရင်း နာကျင်စွာ အော်နေမိသည် ။ ကျလာတဲ့ မျက်ရည်စတွေကိုလည်း နာကျည်းမိရပြန်သည် ။

" မဟုတ်ဘူး .. မဟုတ်ဘူး baek .. တစ်ခုခုအထင်မှားနေတယ်ထင်တယ် .. ကိုယ် ဘာတစ်ခုမှ နားမလည်နိုင်တော့ဘူး ကိုယ့်ကို ဘာအထင်လွဲနေတာလဲကွာ ? "

အသည်းအသန် ကျွန်တော့်ပခုံးကို ကိုင်လှုပ်ကာ စကားတွေပြောနေတဲ့ သူ့ကို ကြည့်ရင်း နှုတ်ခမ်းတို့က အလိုလို တွန့်ချိုးမိသား .. ဟက် ကျွန်တော့်ကိုလေ သူ သိပ်ကိုအထင်သေးနေတာ ..

Heart RulerWhere stories live. Discover now