Baek's pov ;
" baekhyun .. နေမကောင်းဘူးလား မျက်နှာမလန်းဘူးဖြစ်နေတယ် "
မနက်ကတည်းက sehun အတွက် ကျူရှင်လခဘယ်လိုပေးရင်ကောင်းမလဲ ဆိုတာ စဉ်းစားနေတော့ အလုပ်ထဲမှာလည်း စိတ်မရွင်လန်း ..
ပုံမှန်တက်ကြွနေတဲ့ ကျွန်တော်ငြိမ်နေတော့ chen က မနေနိုင်စွာဘဲ မေးလေရဲ့ ..
" မဟုတ်ပါဘူး .. နေကောင်းပါတယ် "
" အင်း ငါကမင်းမျက်နှာမကောင်းလို့ မေးကြည့်တာ "
" ဟို .. Chen nah .. "
~ ဟူး .. ပြောရင်ကောင်းမလား မပြောရင်ကောင်းမလား !!
" ပြောလေ baekhyun ဘာဖြစ်လို့လဲ ? "
ထစ်ထစ်ငေါ့ငေါ့ဖြစ်နေသော ကျွန်တော့်စကားကို chen က ထောက်ပေးသော်ငြား ဝေခွဲမရဖြစ်နေဆဲ .. ပြောလို့ကောင်းပါ့မလားနော် ..
" မင်းဆီမှာ ပိုက်ဆံအပို နည်းနည်းလောက်ရှိမလား ? "
အားတင်းကာပြောလိုက်ပေမယ့် မျက်နှာကတော့ ပူမိသည် ။
" မင်း ပိုက်ဆံလိုလို့လား ? "
" အင်း .. "
" ငါ့ဆီမှာ စုထားတာနည်းနည်းတော့ရှိမယ် .. ဒါပေမယ့် မင်းအတွက်လောက်ပါ့မလားတော့ မသိဘူး .. ငါလည်း ညီမလေးကျောင်းစရိတ်အတွက် ပေးလိုက်တော့ "
အင်းပေါ့လေ .. Chen မှာလည်း အခက်အခဲရှိသူမဟုတ်လား ? ညီမလေးနဲ့ နှစ်ယောက်တည်းနေရသူမို့ ပုံမှန်နေနိုင်စားနိုင်ရုံမျှသာ ..
" ရပါတယ်ကွာ .. ငါ ထပ်ရှာကြည့်လိုက်ပါဦးမယ် "
" တောင်းပန်ပါတယ် .. မကူညီပေးနိုင်လို့ .. "
Chen ကတော့ ကျွန်တော့်ကို မကူညီနိုင်လို့ အားနာနေဟန် .. ကျွန်တော်တို့လို ဘ၀သမားတွေ အတွက်ကတော့ တစ်ယောက်ကိုတစ်ယောက် ကူညီပေးဖို့ နေနေသာသာ ကိုယ်ဝမ်းကိုယ်တောင် မနည်းဖြည့်နေရသည်လေ ..
" ကိစ္စမရှိပါဘူး "
ရယ်မောရင်းသာပြောလိုက်ရပေမယ့် စိတ်ထဲမှာတော့ လေးလံလို့ .. ဟူးးး ဘာလုပ်ရပါ့မလဲနော် ..
💙💚💜💛
" baekhyun !! "
" အင် .. "
YOU ARE READING
Heart Ruler
FanfictionMy Heart is Ruled by rule..! You are my heart ruler..! Chanbaek(Yaoi) Collaboration Fic by PuppyYoda_Lover and YeolliesSakura