"ဟော..မင်းဘယ်တုန်းကရောက်နေတာ
တုန်း.."ကော်ဖီဆိုင်တွင် အဝတ်စုတ်လေးကိုင်ကာ
ခုံသုတ်နေသော Baekhyun ကိုမြင်၍
Chen နှုတ်ဆက်လိုက်၏..အခုရက်အတွင်း သူငယ်ချင်းနှစ်ယောက်သိပ်
တောင် မဆုံဖြစ်ပါလေ..Baekhyun သိပ်နေမကောင်းတာနဲ့..
ကလပ်ကအလုပ်ကို ဦးစားပေးနေရတာနဲ့
တင်မတွေ့ဖြစ်ကြတာ...ဒီနေ့တော့ မနက်အစောပိုင်းတည်းက Baekhyun လည်းကော်ဖီဆိုင်ကိုအလုပ်
ဆင်းဖို့ရောက်နေလေပြီ.."အခုပဲ..."
"မင်းဆီ ဖုန်းဆက်မလိုပဲ...မင်းအမေသတင်း
လည်းမေးမယ်ဆိုပြီး...အခုမင်းရောက်လာ
တော့ကောင်းတာပေါ့...""အင်း...သူဌေးကိုအားနာလိုက်တာ..ငါခွင့်
တွေများနေပြီ..""Suho Hyung ကလည်း မင်းအကြောင်း
ငါ့ကိုမေးနေတာ..မင်းကိုတောင်စိတ်ပူ
နေသေး...ငါလည်းစိတ်ပူတယ်..Byun
Baek..မင်းအခုတလောဘာတွေလုပ်နေ
တုန်း..""မင်းကလည်း..အခုငါပုံစံကဘာဖြစ်နေလို့
တုန်း..အဆင်ပြေပါတယ်..""မင်း အမေရော...သက်သာလား..?"
"အခြေအနေကတော့သိပ်မထူးပါဘူး..
ဆရာဝန်တွေကတော့ သေချာဂရုစိုက်ပေး
တယ်.."Chen က လည်းကော်ဖီခွက်တွေကိုစီနေရင်း
ခေါင်းတငြိမ့်ငြိမ့်ဖြင့်.."Park Yeol နဲ့ရော...ဘယ်လိုအခြေအနေ
တုန်း.."Chen မေးတော့ ခုံသုတ်နေသောအဝတ်ကို
ကိုင်ထားသော လက်များ နှောင့်နှေးသွား၏..ကိုယ့်ကိုမတ်မတ်ရပ်လိုက်ရင်း ရှေ့ရှေ့တည့်
တည့်ကို တွေတွေကြီးကြည့်ကာ"အဆင်တော့ပြေပါတယ်...ဒါပေမယ့်.."
"အဆင်တော့ပြေတယ်..ဒါပေမယ့်က..Wae...ပြသနာရှိနေလို့လား..?"
"အင်း..အဲ့လိုပဲဆိုရမယ်..ပြသနာရှိတယ်.."
Baekhyun ထိုင်ခုံတွင်ထိုင်လိုက်ကာ စားပွဲ
ခုံပေါ်တွင် ခေါင်းလေးမှောက်နေ၏..
Chen ကတော့ Baekhyun ဖြစ်နေသော
ပုံကိုကြည့်ကာ Baekhyun ရဲ့ ပြသနာ
ကိုသူလည်း သိချင်လာ၏..
YOU ARE READING
Heart Ruler
FanfictionMy Heart is Ruled by rule..! You are my heart ruler..! Chanbaek(Yaoi) Collaboration Fic by PuppyYoda_Lover and YeolliesSakura