Beside me

4.9K 422 24
                                    

ကျွန်တော် နာကျင်နေသည့်အချိန် ..
ကျွန်တော် ငိုကြွေးနေသည့်အချိန် ..
မှီခိုစရာ ပခုံးတစ်ဖက် လိုအပ်နေသည့်အချိန် ..
သူသည် .. ကျွန်တော့်အနား ရှိနေခဲ့သည် ။

*-*-*-*

Baek's pov ;

ဟင့်အင်း .. မဟုတ်ပါစေနဲ့ .. ။
ကျေးဇူးပြုပြီး အိမ်မက်ပဲ ဖြစ်ပါစေလား ။

အသက်ရှူရသည်ပင် မောပန်းကာ မွန်းကြပ်နေသော်ငြား ဆေးရုံသို့ရောက်သည်အထိ ပြေးလွှားနေမိရင်းကပင် နှုတ်မှ ထိုစကားအား တတွတ်တွတ်ရေရွတ်နေမိသည် ။

စီးကျလာသော မျက်ရည်များကြောင့် လမ်းကိုပင် ပြတ်ပြတ်သားသား မမြင်ရတော့ .. သို့ပေမယ့် ကျွန်တော်မသုတ်မိ .. ထိုမျက်ရည်များကို သုတ်နေသည့်အတွက် နှောင့်နှေးသွားမည့် အချိန်တစ်စက္ကန့်အထိ ကျွန်တော် နှမြောမိသည် ။

လမ်းပေါ်မှ လူများကတော့ ကျွန်တော့်အား အထူးအဆန်းသဖွယ် ကြည့်သွားကြလေရဲ့ .. ကြိုက်သလောက် ကြည့်ကြပါစေလေ .. သူတို့မှ မသိကြတာ ။ ကျွန်တော့်အတွက် သိပ်ကိုတန်ဖိုးရှိတဲ့ အရာတစ်ခုကို ဆုံးရှူံးရတော့မယ်ဆိုတာ .. သူတို့မှ မမြင်နိုင်ကြပဲလေ။

ပြေးရင်းနဲ့ပဲ ဆေးရုံသို့ ရောက်လာလေပြီ ။ ဓာတ်လှေကားခလုတ်အား တုန်ရီနေသော လက်များဖြင့် နှိပ်လိုက်ပြီး ခဏတာ အမောဖြေမိသည် ။

~ အာ ကြာလိုက်တာ ။

အချိန်ခဏတာမျှကိုပင် စောင့်ရသည်ကို စိတ်မရှည်သောကြောင့် လှေကားဖြင့်သာ ၆ ထပ်အထိ မမောနိုင်ပဲ ပြေးတက်မိသည် ။

အခန်းရှေ့ရောက်နေပြီဖြစ်သော်ငြား တံခါးအား မဖွင့်ရဲ .. ကျွန်တော် ဖွင့်လိုက်ရင် ဘာတွေများမြင်ရမလဲ ။ ငိုနေမည့် Sehun လေးလား .. ဒါမှမဟုတ် ခုတင်ပေါ် အသက်မဲ့စွာ လဲလျောင်းနေမည့် Omma လား ။

" အင့် .. ဟင့် "

အတွေးများကပင် ရင်ဘတ်အား ကျောက်ခဲတစ်ခုဖြင့် ဖိထားသည်အထိ .. တံခါးဝတွင် ငုတ်တုတ်ထိုင်လိုက်ကာ တင်းကြပ်နေသည့် ရင်ဘတ်အား လက်ဖြင့်ထုရိုက်ရင်း အသံမထွက်အောင် ငိုကြွေးမိသည် ။

Hun လေးရှေ့တွင် သူပျော့ညံ့မနေလိုပါ ။ သူဟာ အစ်ကိုတစ်ယောက် .. မိသားစုကို ဦးဆောင်ရမယ့် လူတစ်ယောက် .. Hun လေး မှီခိုရမယ့် လူတစ်ယောက် .. အဲဒီတော့ သူကြံ့ခိုင်နေမှ ဖြစ်မှာ .. ။

You've reached the end of published parts.

⏰ Last updated: Jul 28, 2017 ⏰

Add this story to your Library to get notified about new parts!

Heart RulerWhere stories live. Discover now