Baek's pov ;
မျက်လုံးတွေကို ဖွင့်လိုက်တာနဲ့ ထိုးကိုက်လာတဲ့ခေါင်းကြောင့် နားထင်ကို လက်ဖြင့်ထောက်ရင်း ညည်းညူ လိုက်မိသည် ။
မတ်တပ်ရပ်လိုက်တော့ နဖူးပေါ်က ပြုတ်ကျလာတဲ့ ပ၀ါခေါက်လေး ..
ှူ
~ ငါဖျားနေတာလား ?မနေ့ညက မူးပြီး chen ကို ခေါ်လိုက်တာတော့ မှတ်မိသည် ။ ဒါပေမယ့် အခန်းပုံစံက chen အခန်းနဲ့မတူ ..
~ ဘယ်ရောက်နေတာပါလိမ့် ?
ဖျားထားလို့ပဲလား တစ်ကိုယ်လုံးက ကိုင်ဆောင့်ထားသလို နာကျင်လို့ ..
ရှင်းလင်းနေတဲ့ အပြာနုရောင် အခန်းလေးက ကျွန်တော်နဲ့ မရင်းနှီးလှ ။
~ နေစမ်းပါဦး .. ဒီပုံစံကို မြင်ဖူးနေသလိုပဲ ..
ကုတင်ပေါ်မှာပဲ ငုတ်တုတ်ထိုင်ရင်း ဦးနှောက်ကို အနည်းငယ် အလုပ်ပေးလိုက်တော့ မြင်ဖူးခဲ့တဲ့ အိမ်ပုံစံကို ဖျက်ခနဲ ..
~ မဟုတ်မှလွဲရော ။
" Baek နိုးလာပြီလား ? "
အခန်းထဲကို ဗန်းတစ်ခုနဲ့အတူ ဆန်ပြုတ်ဖြစ်ဟန်တူသော ခွက်တစ်ခွက်ကို ကိုင်ရင်း အခန်းထဲရယ်မောကာ ၀င်လာသောသူ .. Yeol !!
~ ထင်နေတာ မှန်သားပဲ။
" ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ ? "
မျက်နှာကို အစွမ်းကုန်တင်းထားရင်း အသံမာမာဖြင့် မေးခွန်းထုတ်မိသည် ။
" Baek မူးနေတာကိုတွေ့လို့ အဲ့ဒါကြောင့် အိမ်ကိုခေါ်လာခဲ့တာပါ .. "
ဗန်းကို စားပွဲကို လှမ်းတင်လိုက်ရင်း ဖြေလိုက်တဲ့ သူ့ပုံစံက ဘာအပြစ်မှ မလုပ်ထားတဲ့လူလို .. သိပ်မုန်းတာ .. အဲ့လိုဖြူ စင်ချင်ယောင်နေတာကို သိပ်မုန်းတယ်ဆိုတာ ခင်ဗျားမသိသေးဘူး .. Yeol !!
" ပြီးတော့ .. Baek ဖျားနေလို့ ကိုယ်စောင့်နေပေးတာပါ .. ကိုယ်ပူသေးလား ? "
ပြောရင်း ကျွန်တော့်နဖူးကို သူ့လက်ဖ၀ါးကြီးနဲ့ အုပ်ရင်း စမ်းလိုက်သည် ။ နွေးထွေးလိုက်တာ .. သူ့လက်တွေကို ပုတ်ထုတ်ရမယ့်အစား .. ဖယ်ချလိုက်ရမယ့်အစား အဖျားစမ်းနေတဲ့ သူ့မျက်နှာကိုသာ မျက်တောင်မခတ်စတမ်း လိုက်ကြည့်နေမိသည် ။
YOU ARE READING
Heart Ruler
FanfictionMy Heart is Ruled by rule..! You are my heart ruler..! Chanbaek(Yaoi) Collaboration Fic by PuppyYoda_Lover and YeolliesSakura