" baek .. Baek
Yeol ကိုပဲ ချစ်တာ "" ဘာ !! "
အနည်းငယ် တုန်ရီသောအသံနှင့် မ၀ံမရဲဖြေပြီးတဲ့နောက် သူ့ရဲ့ ဒေါသတကြီး အော်သံကြောင့် လူက ဆတ်ခနဲ တုန်သွားမိသည်။
သူ့မျက်နှာကို မကြည့်ရဲတာမို့ ခေါင်းကိုသာ ငုံ့ထားပေမယ့် သူ့ရဲ့ အသက်ရှူသံပြင်းပြင်းကိုတော့ ကြားနေရသည် ။
" ခေါင်းမော့စမ်း "
သူ့ရဲ့ အေးစက်စက် အမိန့်ပေးသံကြောင့် တံတွေးတစ်ချက် မ၀ံ့မရဲ မြိုချပြီးနောက် ဖြည်းဖြည်းချင်း သူ့မျက်နှာအား မော့ကြည့်မိတော့ သူ့မျက်နှာက ပုံမှန်ထက် နီရဲလို့ ..
" ငါနဲ့ yeol နဲ့က တစ်ယောက်တည်းဆိုတာ မင်းမသိတာလည်း မဟုတ်ပဲနဲ့ .. ဘာ !! Yeol ကိုပဲ ချစ်တာ .. ဟား အဲ့ဒါဆို ငါကဘာလဲ ? "
ကြောက်ဖို့ကောင်းလောက်အောင် စူးရှဲနေတဲ့ မျက်ဝန်းအစုံနဲ့ စိုက်ကြည့်ရင်း မေးလာတော့ ကျွန်တော်တစ်ကယ်ပဲ ဘာဖြေရမယ်မှန်းမသိ ..
ဘာကြောင့်မှန်းမသိပေမယ့် .. ကျွန်တော် chan ကို ကြောက်သည် ။
Yeol ဘ၀ဟာ အတုအယောင်မှန်း သိနေပေမယ့် yeol ရဲ့ နွေးထွေးလွန်းလှတဲ့ အကြည့်တို့ကိုသာ နှစ်ခြိုက်မိသည် ။
Chan ရဲ့ အကြည့်ကတော့ စူးရဲကာ အတ္တဆန်သလို .. တစ်ယောက်တည်းတောင် အဲ့လိုပဲ ကွဲပြားနိုင်သလား ..
" ဖြေပါဆို !! "
" အ .. "
အတွေးလွန်နေသော ကျွန်တော့်ပခုံးကို ဒေါသတကြီး ဆွဲခါကာမေးလိုက်သောကြောင့် ပခုံးက ဆစ်ခနဲ ..
သူ့မျက်လုံးတွေက စိတ်ရိုင်းတွေ ပူးနေတဲ့ လူကဲ့သို့ .. နှုတ်ခမ်းကလည်း ကော်နဲ့ကပ်ထားသလို ဖွင့်မရ ..
" တောက် !! "
ဘာမှအဖြေမရတဲ့ ကျွန်တော့်ကြောင့် သူစိတ်မရှည်စွာ တောက်ခေါက်ရင်း ရုံခန်းတံခါးနားကို ခြေသံပြင်းပြင်းဖြင့် လျှောက်ကာ လော့ချလိုက်သည်။
ဘာလုပ်ဖို့ကြိုးစားနေမှန်း မသိတာကြောင့် သူသွားတဲ့နောက် မျက်လုံးကို အလွတ်မပေးဘဲ လိုက်ကြည့်နေမိသည်။
YOU ARE READING
Heart Ruler
FanfictionMy Heart is Ruled by rule..! You are my heart ruler..! Chanbaek(Yaoi) Collaboration Fic by PuppyYoda_Lover and YeolliesSakura