Chicken Leg

4.2K 522 7
                                    

" ဟင်..Chen..!...
ဘယ်လိုဖြစ်လို့..."

Baekhyun ကိုက်နေသောခေါင်းနဲ့နုန်းချိနေသော
ခန္တာကိုယ်ကို အနိုင်သယ်လိုက်ကာမီးဖိုချောင်ထဲ
သွားပြီးရေထသောက်တော့ Chen ကိုတွေ့၏.

" မနေ့က မင်းကိုဖုန်းဆက်လို့မရဘူးလေ...
ငါအိမ်လိုက်လာတာ..ဘာလို့ရေစိုကြီးနဲ့အိပ်
နေရတာလဲ...အခုတော့ဖျားပြီပေါ့.."

မနေ့ကမိုးရွာနေတယ်...
ပြီးတော့မိုးရွာထဲမှာကတုန်ကရီနဲ့ထိုင်နေသောသူ..
Yeol..~

Baekhyun ချက်ချင်းပင်တံခါးကိုဖွင့်ကာကြည့်
တော့ အုတ်ခုံလေးကဒီတိုင်းရှိနေပေမယ့်
အုတ်ခုံပေါ်က သူကတော့မရှိတော့....

သူတောင်မိုးရေစိုပြီးဖျားနေတာ..Yeol...သူရောအဆင်ပြေပါ့မလား..

ဟင့်အင်း...Baekhyun..အဲ့စိတ်တွေကိုဖျောက်ရ
မယ်...စိတ်ပူစရာမလိုတဲ့လူတစ်ယောက်ကို
ဘာကိစ္စစိတ်ပူနေတာလဲ...သူ့မှာ ဂရုစိုက်မယ့်သူ
ရှိပြီးသားလေ...အပိုအတွေးတွေမတွေးစမ်းနဲ့..

" baekhyun..ဘာတွေကြည့်နေတာလဲ...
ဆန်ပြုတ်လာသောက်...အဲ့တာမှဆေးသောက်
လို့ရမှာ.."

"အော..အင်း..."

"သြော်ပြီးတော့ မင်းဆီကို Sehun ဖုန်းဆက်သေး
တယ်..မင်းအမေနိုးလာပြီတဲ့..!"

" တကယ်..!..တော်ပါသေးရဲ့...ခဏနေဆေးရုံသွား
ရမယ်..Coffee ဆိုင်ကိုလည်းငါနောက်နှစ်နာရီ
လောက်ဆိုလာခဲ့မယ်..မင်းအရင်သွားနှင့်လေ..
Chen.."

" Suho Hyung ကမင်းကိုခွင့်ပေးထားတယ်လေ..
လာမနေပါနဲ့..ညနေ့ဆိုရင်လည်းမင်း Club မှာ
အလုပ်လုပ်ရအူံးမယ်မလား..မလာနဲ့..Baek..
မင်းနေကောင်းတာလည်းမဟုတ်ပဲနဲ့.."

" ငါ...အကုန်လုံးအပေါ်အကြွေးတွေတင်နေမိပြီ..
Chen..Gomorwor.. ငါ့မှာ ငါအားငယ်ပြီး
ငါ့ယိုင်လဲနေတဲ့အချိန်ဘေးမှာမင်းပဲရှိတာ.."

" Baekhyun..မင်း Yeol နဲ့အဆင်မပြေဖူးလား..."

မကြားချင်သောနာမည် ကြားရင်ဒေါသတွေ
တလိမ့်လိမ့်ထွက်လာသော နာမည်ကြောင့်
စားနေရင်း ဆန်ပြုတ်ဇွန်းကိုလွတ်ချလိုက်၏..

" သူ့အကြောင်းမပြောပါနဲ့...!...သူအကြောင်းကြား
ရင်ငါနားတွေခါးတယ်...လူလိမ်.."

Heart RulerDonde viven las historias. Descúbrelo ahora