Heartbeat

4.3K 483 11
                                    

Baek's pov ;

တီ .. တီ .. တီ .. တီ

ညက တော်တော်နဲ့ အိပ်၍မပျော်တာကြောင့် ထပ်အိပ်ချင်နေသေးပေမယ့် အိမ်ရှေ့က bell သံကြောင့် ဆံပင်တွေကို အလိုမကျစွာ ဆွဲဖွလိုက်မိသည် ။

အိပ်ချင်မူးတူးဖြင့် ထထိုင်လိုက်ပေမယ့် မျက်လုံးကတော့ ဖွင့်မရသေး ..

တီ .. တီ

" လာပြီ !! လာပြီ !! "

ဘယ်သူလဲကွာ .. အလိုက်ကမ်းဆိုး မသိပုံကတော့ !! နာရီကို လှမ်းကြည့်လိုက်တော့ ၇ နာရီ .. အစောကြီး ဘယ်သူလဲကွာ ?

" ဘယ်သူ .. "

မကျေမနပ် ဆောင့်ဆောင့်အောင့်အောင့်ဖြင့် တံခါးသွားဖွင့်လိုက်တော့ မြင်လိုက်ရတဲ့လူကြောင့် အံဩသွားမိသည် ။

" မ၀င်ခိုင်းတော့ဘူးလား ? "

" Chan...~"

အိမ်ရှေ့တွင် စတိုင်ကျကျ ရပ်နေသော Chan .. ဆံပင်ကို လှန်တင်ထားလို့သာ Chan လို့ သိတာ .. ၀တ်ပုံစားပုံက ကျွန်တော် မမြင်ဖူးတဲ့ Chan ရဲ့ ပုံစံတစ်ခု .. ဂျင်းဘောင်းဘီနဲ့ တီရှပ် အဖြူ ကို တွဲဝတ်ထားသော Chan က သိပ်ကို စမတ်ကျလွန်းတာ မငြင်းနိုင် ..

" အခုချိန်ထိ အိပ်နေတုန်းလား ? အိပ်ပုတ်ကြီးလိုက်တာကွာ "

ဘယ်လိုလူလဲ .. ကျွန်တော် ကြောင်ကြည့်နေတုန်း အိမ်ထဲကို ၀င်သွားလေပြီ .. လူကိုများ အိပ်ပုတ်တဲ့ .. 😕

မကျေမနပ်နဲ့ နှုတ်ခမ်းဆူကာ ခြေကိုဆောင့်ပြီး ဆိုဖာပေါ်ထိုင်လေတော့ သူ့ရဲ့ တစ်ဟက်ဟက်နဲ့ ရယ်သံထွက်လာလေရဲ့ ..

" ဘာရယ်တာလဲ !! "

မျက်စောင်းထိုးပြီး အသံမာမာနဲ့ မေးလိုက်ပေမယ့် ရုပ်က အခုထိ စပ်ဖြီးဖြီးဖြစ်နေတုန်း .. ဘယ်လိုလူပါလိမ့်နော် !!

" ဪ .. ချစ်ဖို့ကောင်းလို့ပါ "

ချစ်ဖို့ကောင်းတယ်ဆိုတဲ့ စကားကြောင့် ကျွန်တော့်မျက်နှာ ရေနွေးနဲ့ အဖြန်းခံလိုက်ရသလို ပူခနဲ ..

" အဟမ်း .. ဘာလာလုပ်တာလဲ ? "

အရှက်ပြေ ချောင်းဟန့်လိုက်ကာ စကားလမ်းကြောင်း လွဲမိသည် ။

Heart RulerWhere stories live. Discover now