Episode - 1

5.5K 225 9
                                    

မဖြစ်သင့်မှန်း သိသော်လည်း

Episode - 1

ကောင်းကင် : မိုး . . .

မိုး . . . အသက်က ၁၉ ၊ ကိုရီးယားနိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူလေးဖြစ်သည်။
ရွှေအိုရောင် ဂုတ်ဝဲဆံပင်ကေနဲ့ ဖြူဖွေးစွတ်နေတဲ့အသားအရည်ကြောင့် လူကြားထဲဆို မိုးက ထင်းနေတတ်သည်။
မိုးနဲ့ သူမက အိမ်ချင်းကပ်လျက် ငယ်သူငယ်ချင်းတွေ ဖြစ်ပြီး မိဘချင်းကလည်း အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သည်။ ပြီးတော့ မိုးက သူမရဲ့ First Love ပါ။

မိုး . . . ကိုယ့်ကို ခေါ်နေမှန်း သိသော်လည်း မကြားချင်ယောင်ဆောင်နေလိုက်သည်။

ကောင်းကင်ဆိုတဲ့နာမည်ကြားရင်
အကုန်လုံးက ယောင်္ကျားလေးလို့ ထင်ကြမည်ပင်။ တကယ်တော့ ကောင်းကင်ဆိုတာ မိန်းမတစ်ယောက်ပင် ။ လူကိုကြည့်ရင်တော့ မိန်းကလေးလို့ ထင်စရာမရှိပေ။ ဘာလို့လဲဆိုတော့
ကောင်းက ယောင်္ကျားစိတ်ပေါက်နေတဲ့
မိန်းကလေး . . .Tomboy ဖြစ်နေ၍ပင်။ သူမ ကောင်း ချောတာကို ဝန်ခံသည်။
ချောပေ့ ၊ လှပေ့ဆိုတဲ့ ယောင်္ကျားတွေထက် ကောင်းက ပိုချော ပိုနုနေတာကိုး။
ဒါပေမယ့် သူမအတွက်တော့ ကောင်းကို မိန်းကလေးပဲ ဖြစ်စေချင်သည်။ သူမ မှတ်မိသလောက်ဆိုရင်
ရှစ်တန်းလောက်ကစပြီး ကောင်း ပုံစံတွေက ပြောင်းလာခဲ့သည်။ အစကတော့ လွတ်လွတ်လပ်လပ်နေတယ်ထင်ခဲ့ပေမယ့် နောက်ပိုင်း ကောင်းက Tomboy ဆန်လာတော့သည်။ ငယ်ငယ်က ကောင်းနဲ့သူမက BFF တွေ ဆိုပေမယ့် ခုလိုပုံစံမျိုးနဲ့ ကောင်းကို သူမ ရွံနေမိသည်။
ဒါပေမယ့် သူမသူငယ်ချင်းတွေထက်
ကောင်းက သူမအပေါ် အနစ်နာခံတာရယ် ၊ အိမ်ချင်းနီးနေတာတွေရယ်ကြောင့် ကောင်းနဲ့သူမ အခင်မင်မပျက်ခဲ့ပေ။ တတ်နိုင်သလောက်တော့ သူမ ကောင်းကို ရှောင်နေမိသည်။ သူမရည်းစားမြင်ရင် ပြသာနာထပ်တက်တော့မှာပဲ။

မိုး : မတွေ့ချင်လို့ ကျောင်းကို စောလာပါတယ်ဆိုနေမှ သူက ငါ့ထက် စောရောက်နေပါ့လား . . . ကျွတ် . . .

မိုး တစ်ယောက်ထဲ ညည်းလိုက်မိသည်။

ကောင်းကင် : မိုး . . . ဒီနေ့ အစောကြီးရောက်နေပါ့လား

မဖြစ်သင့်မှန်း သိသော်လည်းWhere stories live. Discover now