မဖြစ်သင့်မှန်း သိသော်လည်း
Episode - 7
မိုး : ကောင်း . . . နင် . . . သက်တန့်ကို ကြိုက်နေတာလား
မထင်မှတ်ထားတဲ့မေးခွန်းကြောင့် ကောင်း
ကြောင်သွားရသည်။ကောင်းကင် : ဘာတွေ လာပြောနေတာလဲ
မိုး : ငါ အတည်မေးနေတာ
ကောင်းကင် : ကိုယ် သူ့ကိုကြိုက်နေတယ်လို့ ဘာလို့ထင်တာလဲ
မိုး : နင်က သူ့ကို အရမ်းဂရုစိုက်နေတာကိုး
မျက်မမြင်မလို့ လို့ ကောင်း ပြောမထွက်ပေ။
မိုး : ဘာလဲ . . . ငါပြောတာ ဟုတ်နေလို့လား
ကောင်းကင် : မင်း ထင်ချင်သလိုသာ ထင်တော့
မိုး : ဟက် . . . နင် သူ့ကို အတည်ကြီးကြွေနေတာပဲ
မိုးက တက်ခေါက်ပြီး ထွက်ချသွားလေသည်။
ကောင်း စိတ်ညစ်ညစ်နဲ့ သက်တန့်တို့ခြံဘက်ကို ခေါင်းလှည့်မိသွားသည်။
သူ ကြည့်နေတုန်းမှာပဲ သက်တန့်တို့ထွက်သွားတဲ့ ကားက
ပြန်ဝင်လာ၍ ကောင်း စိုက်ကြည့်နေမိသည်။ကောင်း ကြည့်နေတုန်းမှာပဲ ကားပေါ်ကနေ သက်တန့်တို့မိသားစုနဲ့အတူ ကောင်လေးတစ်ယောက်ပါလာ၍
ဘဝင်မကျဖြစ်သွားရသည်။မိုး : နင် သူ့ကို အတည်ကြီးကြွေနေတာပဲ
နားထဲလည်း ဘာမဆိုင် ညာမဆိုင် မိုးစကားသံတွေက ဝင်လာလေသည်။
ကောင်း ကြည့်နေတုန်းမှာပဲ ကောင်လေးက အိမ်ထဲကနေ ပြန်ထွက်လာပြီး ကားမောင်းထွက်သွားလေသည်။
အစက ညနေမှ သက်တန့်ဆီသွားမလို့ လုပ်ထားပေမယ့် ကောင်း . . . သိချင်စိတ်ကြောင့် မအောင့်နိုင်တော့ဘဲ
သက်တန့်တို့ဆီ ချက်ချင်းသွားလိုက်သည်။သက်တန့် : ကောင်း . . . သက်တန့် ခြံထဲမှာ
ကောင်း . . . အိမ်ထဲဝင်ဖို့ ပြင်နေတုန်းမှာပဲ ခြံထဲကနေ သက်တန့်အသံကို ကြားလိုက်ရ၍
သူ ခြံထဲ သွားလိုက်သည်။ကောင်းကင် : ကိုယ် လာမှန်း ဘယ်လိုလုပ်သိတာလဲ
သက်တန့် : နင်ကကော . . . ဘယ်တုန်းကများ လမ်းကို အေးအေးဆေးဆေးလျှောက်ဖူးလို့လဲ
YOU ARE READING
မဖြစ်သင့်မှန်း သိသော်လည်း
RomanceTomboy နဲ့ မျက်မမြင်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ ဘယ်လိုတွေဖြစ်ပြီး ကြိုက်သွားကြတယ်ဆိုတာကိုတော့ . . . ( My Own Creation ) Write in 2017