မဖြစ်သင့်မှန်း သိသော်လည်း
Episode - 8
သက်တန့် . . . ဒန်းစင်မှာ ထိုင်ရင်း လက်ကို ခါလိုက်တော့ လက်ကောက်ကနေ ချူသံလေးတွေ ထွက်လာသည်။
သက်တန့် : ဝါး . . . နင် . . . တကယ်ရောက်လာတာပဲ
သက်တန့် ပြုံးလိုက်မိသည်။
တကယ်တော့ သူမ . . . ကောင်းကို
လွမ်းလို့ လက်ကို ရမ်းလိုက်ခြင်းပင်။တကယ်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့မိပေ။
ကောင်းကင် : ပြောပြီးသားပဲ ၊ ချူသံကြားတာနဲ့ မင်းဆီ လာခဲ့မယ်ဆိုတာကို
ကောင်း . . . ဒီနေ့မှ ဘာကြောင့်မှန်း မသိဘဲ သက်တန့်ဆီ လာချင်စိတ်တွေ ပေါ်နေခဲ့သည်။
ကောင်း . . . ဒန်းစင်ပေါ်ထိုင်နေတဲ့ သက်တန့်ရှေ့မှာ ငုတ်တုတ်ထိုင်နေကျအတိုင်း ထိုင်လိုက်သည်။
ဂါဝန်အစိမ်းနုလက်ဇကလေးနဲ့ သက်တန့်က ဘာကြောင့်မှန်းမသိ အရင်နေ့တွေကထက် ပိုလှနေတယ်လို့ ကောင်း ခံစားနေရသည်။
ကောင်းကင် : ဘာလဲ . . . ငါ . . . ရင်တွေခုန်နေတာလား
ကောင်း . . . စိတ်ထဲကနေ တွေးလိုက်မိသည်။
ကောင်း . . . တွေးနေတုန်းမှာပဲ သက်တန့်ရဲ့လက်တွေက ကောင်းမျက်နှာကို လာစမ်းလေသည်။
ကောင်းကင် : သက်တန့် . . . ဘာလုပ်နေတာလဲ
သက်တန့် : ငါ . . . နင့်မျက်နှာကို စမ်းနေတာလေ
ကောင်းကင် : သိတယ်လေ . . .
ဘာလို့တုံးလို့သက်တန့် : နင့်ရုပ်ကို ပုံဖော်ကြည့်နေတာ
ကောင်းကင် : ဟင် . . .
သက်တန့်က ဆက်မပြောတော့ဘဲ ကောင်းမျက်နှာကို သေချာကိုင်ကြည့်နေမိသည်။
ကောင်း . . . သက်တန့်ကို ငေးကြည့်နေမိသည်။
သက်တန့် : ငါ ထင်ထားတာထက် နင်က ပိုချောတာပဲ
ကောင်းကင် : ဒီလိုပဲ ဖြစ်ရမှာပေါ့
ကောင်း . . . ပြုံးလိုက်သည်။
ကောင်းစကားကြောင့် သက်တန့် ရယ်လိုက်သည်။
သက်တန့် : ကောင်း . . .
YOU ARE READING
မဖြစ်သင့်မှန်း သိသော်လည်း
RomanceTomboy နဲ့ မျက်မမြင်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ ဘယ်လိုတွေဖြစ်ပြီး ကြိုက်သွားကြတယ်ဆိုတာကိုတော့ . . . ( My Own Creation ) Write in 2017