မဖြစ်သင့်မှန်း သိသော်လည်း
Episode - 9
ကောင်းကင် : သက်တန့် . . .
ကောင်း . . . သက်တန့်ကို ခြံထဲမှာ ရှာတာ မတွေ့တာနဲ့ အိမ်ထဲဝင်သွားလိုက်သည်။
ဦးကိုကို : ကောင်း . . . အပေါ်တက်သွားလိုက်
သက်တန့်အဖေ ပြောတဲ့အတိုင်း ကောင်း . . .
သက်တန့်ရဲ့အခန်းဆီ သွားလိုက်သည်။ဦးကိုကို မျက်နှာမကောင်းတာကိုတော့
ကောင်း . . . သတိမထားမိလိုက်ပေ။အခန်းထဲရောက်တော့ သက်တန့်အမေ ဒေါ်ဟေမာက သက်တန့်ရဲ့ကုတင်ပေါ်မှာ ထိုင်ရင်း ငိုနေလေသည်။
ကောင်းကင် : အန်တီ . . . သက်တန့်ကော . . .
ဒေါ်ဟေမာ : ကောင်း . . . သမီးလေးက လွန်ခဲ့တဲ့ တစ်လကပဲ ဆုံးသွားပြီကွဲ့
ကောင်းကင် : ဘယ်လို . . .
ကောင်း . . . နေရာမှာတင် ကမ္ဘာပျက်သွားသလိုပင်။
ကောင်းကင် : အန်တီ . . .
နောက်နေတာမလား . . .ဒေါ်ဟေမာ : ကောင်းကို သမီးလေးက ပြောပြချင်တဲ့အကြောင်းတွေကို သူ့ဖုန်းလေးနဲ့ အသံသွင်းထားခဲ့တယ် ၊ ကောင်းဘာသာ နားထောင်ကြည့်တော့ကွယ်
ဒေါ်ဟေမာက ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲကို ဖုန်း ထည့်ပေးခဲ့ပြီး အခန်းထဲကနေ ထွက်သွားလေသည်။
ကောင်း . . . လက်တုန်တုန်ယင်ယင်နဲ့ ဖုန်းကို ဖွင့်လိုက်သည်။
သက်တန့် : သက်တန့်လေ . . . ကောင်းနဲ့ တွေ့ခဲ့ရလို့ အရမ်းပျော်မိတယ် ၊ သက်တန့်က မျက်မမြင်တစ်ယောက်ဖြစ်ပေမယ့် ကောင်းက သက်တန့်ကို မျက်မမြင်လို မဆက်ဆံခဲ့ဘူး ၊ ကောင်းနဲ့အတူရှိနေရင် ကိုယ့်ကိုယ်ကို မျက်မမြင်ဆိုတာကို မေ့သွားခဲ့တယ် ၊ ဒါပေမယ့် ကောင်း မသိတဲ့ ရောဂါတစ်ခု သက်တန့်မှာ ရှိသေးတယ် ၊ သက်တန့် . . . ယာဉ်တိုက်မှုကြောင့် အမြင်အာရုံဆုံးရှုံးခဲ့ရပြီး အသည်းပျက်စီးခဲ့တယ် ၊ ခွဲစိတ်ခဲ့လို့ အခုထိ အသက်ရှင်နေပေမယ့် ထပ်အသက်ရှင်ဖို့ ထပ်ခွဲစိတ်ဖို့အတွက်တော့ သက်တန့် စိတ်မပါတော့တာ အမှန်ပါ ၊ သက်တန့်ဘဝမှာ Love ဆိုတာ မရှိခဲ့ဘူး ၊ ရှိခဲ့တော့လည်း
ကောင်း ဖြစ်နေခဲ့တယ် ၊ သက်တန့် . . .
သက်တန့် ကောင်းကို ချစ်မိခဲ့တယ်
YOU ARE READING
မဖြစ်သင့်မှန်း သိသော်လည်း
RomanceTomboy နဲ့ မျက်မမြင်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ ဘယ်လိုတွေဖြစ်ပြီး ကြိုက်သွားကြတယ်ဆိုတာကိုတော့ . . . ( My Own Creation ) Write in 2017