Episode - 5

2.2K 178 0
                                    

မဖြစ်သင့်မှန်း သိသော်လည်း

Episode - 5

ကောင်းကင် : သက်တန့် . . . ကိုယ် ဒီနေ့ ရုပ်ရှင်သွားချင်လို့ လိုက်ခဲ့ပါ့လား

သက်တန့် : ရုပ်ရှင် . . . ?

အာ . . . ဟုတ်သားပဲ ၊ သက်တန့်မှကြည့်မရတာ။
ကောင်း . . . ဒါကို မစဉ်းစားမိလိုက်ဘူး။

ကောင်းကင် : အာ . . . ဘာမှ မဟုတ်တော့ဘူး

သက်တန်ု့ : ရတယ် . . . ကောင်း သွားချင်တယ်ဆိုရင် လိုက်ခဲ့ပေးမယ်လေ

ကောင်းကင် : ဟင် . . .

မထင်မှတ်ထားတဲ့စကားမလို့ ကောင်း . . .
ကြောင်သွားရသည်။

သက်တန့် : ဘယ်အချိန်သွားမှာလဲ ၊
အခုလား . . .

ကောင်းကင် : အင်း . . .

သက်တန့် : အဲ့ဒါဆိုရင် ကောင်း . . .
သက်တန့်ကို လာခေါ်လှည့် ၊ သက်တန့် အဆင်သင့်ပဲ

သက်တန့်က ပြောပြီး ဖုန်းချသွားလေသည်၊

ကောင်းတစ်ယောက် ဖုန်းကြီးကိုင်ပြီး ကြောင်နေမိသည်။

မိုးကို လက်စားချေချင်တာနဲ့ သူ . . .
မစဉ်းစားမဆင်ခြင်မိသလို ဖြစ်သွားခဲ့သည်။

ကောင်းကင် : အာ . . . ငါ အားနာလိုက်တာ

ကောင်း . . . စိတ်မကောင်းဖြစ်သွားရသည်။

ကောင်းက တစ်ဖတ်သားကို အရမ်းငဲ့ညှာပြီး တစ်ဖတ်သားရဲ့ အားနည်းချက်ကိုလည်း ထုတ်မပြောဘဲ ဖြည့်ဆည်းပေးတတ်တဲ့သူမှန်း
ကောင်းနဲ့ ခင်လေ . . . သက်တန့် ခံစားလာရသည်။

ဒီလို ကောင်းက သူမလို မျက်မမြင်ကို
ရုပ်ရှင်သွားဖို့ ခေါ်ကတည်းက ကောင်းရဲ့ ငယ်သူငယ်ချင်းမလေး ' မိုး ' ကြောင့်ပဲ
ဖြစ်နိုင်သည်။

မိုးကို ကောင်းက ကလေးကတည်းက ကြိုက်ခဲ့တဲ့အကြောင်းတွေ သက်တန့်ကို ပြောပြဖူးသည်။

ကောင်း . . . ' မိုး ' အကြောင်း ပြောတိုင်း သက်တန့် ရင်ထဲ တစ်မျိုးကြီး ခံစားရသည်။ မနာလိုတာလည်း မဟုတ် ၊ သဝန်တိုတာလည်း မဟုတ်ဘဲ ' မိုး ' ဆိုတဲ့ ကောင်မလေးကို အားကျနေမိသည်။ ဘာလို့လဲဆိုတာတော့
သူမ မသိပေ။

မဖြစ်သင့်မှန်း သိသော်လည်းWhere stories live. Discover now