မဖြစ်သင့်မှန်း သိသော်လည်း
Episode - 2
သက်တန့် : Lucky . . . ငါ့နားမှာပဲ
နေနော် ၊ ခြံပြင်မထွက်နဲ့ ၊ ငါက နင့်ကို
မြင်ရတာ မဟုတ်ဘူးLucky ဆိုတာ သူမရဲ့ လမ်းပြခွေးလေးပင်။
ခြံထဲမှာ ထိုင်ပြီး Lucky ကို ဖတ်ကာ ပွတ်ပေးနေမိသည်။
Lucky က သူမအရပ်တစ်ဝက်နီးပါး ကြီးသည်။
သူမလမ်းလျှောက်ထွက်တိုင်းလည်း
Lucky ကို အဖော်ခေါ်ရသည်။Lucky က သေချာကျင့်ပေးထားတဲ့ ခွေးလေးမလို့ လမ်းတွေ အကုန်မှတ်မိသည်။
သူမအတွက် Lucky က အချိန်ပြည့် သူမအနားမှာ ရှိနေပေးတဲ့ တစ်ဦးတည်းသော
သူငယ်ချင်းပင်။Lucky က ပွတ်ပေးနေတုန်း Lucky ကလည်း သူမကို ပြန်လျက်နေသည်။
သက်တန့် : အာ . . . Lucky . . .
တော်တော့ . . .သက်တန့် . . . Lucky နဲ့ ဆော့တိုင်း
ပျော်ရွှင်ရသည်။ကောင်းကင် : မထင်ရဘူး ၊ မင်းလည်း
ရယ်တတ်တာပဲကိုးကောင်းတစ်ယောက် . . .
တစ်ဖတ်ခြံမှာ ခွေးနဲ့ဆော့နေတဲ့ ကောင်မလေးကို လှမ်းကြည့်ကာ
ပြုံးလိုက်မိသည်။မိုး : ကောင်း . . . နင် ဘာလုပ်နေတာလဲ . . .
ကောင်း . . . မိုးအသံကြောင့်
မိုးဘက်ကို လှည့်ကြည့်လိုက်သည်။ကောင်းကင် : အော် . . . မိုး . . .
မိုး : နင် . . . ဘာလုပ်နေတာလဲ . . .
ကောင်းကင် : ငါလား . . . ငါ ဟိုဘက်ခြံက
ကောင်မလေးကို ကြည့်နေတာလေမိုး . . . ကောင်း အဖြေကြောင့်
ဘာကြောင့်မှန်းမသိဘဲ စိတ်တိုချင်သလို
ဖြစ်သွားရသည်။မိုး : နင်ကြည့်နေမှန်း သူသိသွားရင် ဘယ်လိုလုပ်မလဲ
ကောင်းကင် : သူ . . . မသိနိုင်ပါဘူး
ကောင်း . . . ကရုဏာသက်စွာ ပြောလိုက်မိသည်။
မိုး : ဘာသဘောလဲ
ကောင်းကင် : ဒါနဲ့ မိုး . . . နင် ဒီနေ့
ရည်းစားနဲ့ ရုပ်ရှင်ရုံသွားမလို့ဆို . . .
YOU ARE READING
မဖြစ်သင့်မှန်း သိသော်လည်း
RomanceTomboy နဲ့ မျက်မမြင်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ ဘယ်လိုတွေဖြစ်ပြီး ကြိုက်သွားကြတယ်ဆိုတာကိုတော့ . . . ( My Own Creation ) Write in 2017