မဖြစ်သင့်မှန်း သိသော်လည်း
Episode - 6
ဒေါ်ဟေမာ : သမီးရေ . . .
အမေ့သူငယ်ချင်း အထူးကုပါမောက္ခကြီးနဲ့ ပြန်အဆက်အသွယ်ရတယ် ၊ အဲ့ဒါ သမီးလေးကို ကြည့်ပေးဖို့ ပြောထားတယ် ၊ အမေတို့ ခဏနေ သူ့ဆီ သွားကြရအောင်သက်တန့် : ဟုတ်ကဲ့
အမေက အားတက်နေပေမယ့် ကိုယ့်အခြေအနေကို ကိုယ်အသိဆုံးဖြစ်တဲ့ သူမကတော့ . . . ။
ဒေါ်ဟေမာ : သီတာ . . . ဒါ ငါပြောပြောနေတဲ့ ငါ့သမီးအလတ်
ဒေါ်သီတာ : သမီးလေးက ချစ်စရာလေးပဲ
ဒေါ်သီတာ့စကားကြောင့်
ဒေါ်ဟေမာ ပြုံးလိုက်သည်။ဒေါ်သီတာ : လာ . . . သမီး . . . ဘာမှမကြောက်နဲ့ ၊ ဆေးစစ်ရအောင်
သက်တန့် . . . ဒေါ်သီတာခေါ်တဲ့နောက် လိုက်သွားရသည်။
ဆေးစစ်ပြီးတာနဲ့ ဒေါက်တာဒေါ်သီတာရဲ့ အခန်းထဲမှာ ထိုင်စောင့်နေလိုက်သည်။
ညီရဲ : အမေ . . . သား လာတယ်
ရုတ်တရက် ယောင်္ကျားတစ်ယောက်
အသံကြောင့် သက်တန့် လန့်သွားရသည်။သက်တန့် : ဘယ် . . . ဘယ်သူ . . .
ည်ီရဲ : ဟင် . . . မင်း . . .
ညီရဲ . . . ထိုင်နေတဲ့ ကောင်မလေးကို အံ့သြတကြီး ကြည့်နေမိသည်။
ညီရဲ : မင်းကိုး . . .
တစ်ဖက်လူဆီက ရယ်လိုက်တဲ့အသံကြောင့် သက်တန့် မျက်မှောင်ကျုတ်လိုက်မိသည်။
သက်တန့် : သက်တန့်ကို သိနေတယ်လား
ညီရဲ : ဆိုပါတော့ . . . ဒါနဲ့ မင်းက ကိုယ့်အမေရဲ့ အရေးကြီိးလူနာလား
သက်တန့် : ဆိုပါတော့ . . .
ညီရဲ . . . အသံမာမာလေးနဲ့ ပြန်ဖြေလိုက်တဲ့ ကောင်မလေးကြောင့် ပြုံးလိုက်မိသည်။
ဒေါ်သီတာ : ဟော . . . သား ရောက်နေတာကိုး
ညီရဲ : ဟုတ် . . .
ဒေါ်ဟေမာ : သီတာရေ . . . ငါပြန်လိုက်ဦးမယ်
ဒေါ်သီတာ : အေး . . . နင်လည်း နားလိုက်ဦး
ဒေါ်ဟေမာ : အေးပါ . . . ကျေးဇူးပဲ သူငယ်ချင်း
ဒေါ်သီတာ : ရပါတယ်အေ
YOU ARE READING
မဖြစ်သင့်မှန်း သိသော်လည်း
RomanceTomboy နဲ့ မျက်မမြင်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ ဘယ်လိုတွေဖြစ်ပြီး ကြိုက်သွားကြတယ်ဆိုတာကိုတော့ . . . ( My Own Creation ) Write in 2017