အရပ်ထောင်ထောင်မောင်းမောင်းနှင့်
လူငယ် ခပ်ချောချောတယောက်သည်သူ၏ လက်ထဲမှ လိပ်စာကဒ်နှင့်
ခြံတံခါးဝမှ လိပ်စာကို သေသေချာချာတိုက်ကြည့်စစ်ဆေးပြီးမှ
သူသည် လူခေါ်ဘဲလ် ကို မထိတထိလေးနှိပ်လိုက်သည်။အကြောင်းမှာ မနေ့က ပန်းပုဆရာလေးပေးထားသည့် လိပ်စာကဒ်သည် သူ၏ ပေါ့ဆမှုကြောင့် အိပ်ကပ်ထဲကမေ့ပြီး မထုတ်မိပဲ အဝတ်လျှော်စက်ထဲ ထည့်လိုက်မိလေ၏။
ဒါ့ကြောင့် လိပ်စာကဒ်လဲ ပျက်စီးကာ သေချာမမြင်ရတော့။
သို့ပေမဲ့ မနေ့တုန်းက သူတချက်ကြည့်မိလိုက်သော အကျိုးကျေးဇူးကြောင့် မြို့စွန်က Green Light အိမ်ယာသာသိပြီး
အိမ်နံပါတ်ကိုတော့ သူမသိတော့ပေ။ဆင်တူစွာဆောက်လုပ်ထားသော ထိုအိမ်ရာဝန်းအတွင်း သူယောင်လည်လည်ဖြစ်နေပေမဲ့လို့
ဘာရယ်မသိ စိတ်ထဲမှ 0627ဆိုတဲ့ အိမ်နံပါတ် သည် သူ၏ စိတ်အားအမိအရ ဖမ်းစားယူနိုင်ခဲ့သည်။
ထို့ကြောင့် အကူအညီတောင်းချင် တောင်းလို့ရအောင် ဒီအိမ်နံပါတ်ပိုင်ရှင်ကိုပဲ သူ အကူအညီတောင်းရန် အလို့ငှာ
လူခေါ်ဘဲလ်ကို မရဲတရဲ နှိပ်လိုက်မိခြင်းဖြစ်လေ၏။>>>တီးတောင်>>>
အချိန်အတော်ကြာ လူခေါ်ဘဲလ်ကို နှိပ်နေပေမဲ့
အိမ်ထဲမှ တစုံတဦး တယောက်မှ ထွက်မလာသေး၍အိမ်တွင်လူမရှိလောက်ဘူးထင်ပြီး ကျောခိုင်းလှည့်ထွက်မည်အပြု~~~
# ကျွီ #
" Awww ChanYeol shi ရောက်နေတာကြာပြီလား?
miyannaeyaw ကျွန်တော်ရေချိုးနေလို့ဘဲလ်တီးသံ
မကြားမိလိုက်ဘူး"ရေစိုနေတဲ့ဆံပင်တွေနဲ့ ကမန်းကတန်း ထွက်လာပုံရသော ပန်းပုဆရာလေး
Wu Krisသည် ChanYeolကို အရင်ဆုံးတောင်းပန်စကားဆိုလိုက်ပြီး အိမ်ထဲကိုဝင်ရန် ဖိတ်ခေါ်လိုက်လေသည်။ထိုအခါ ကိုယ့်ကိုကိုယ် နဲနဲလေးအံ့သြသွားတဲ့ ပုံစံပေါက်နေသည့် ChanYeol တယောက် ကိုယ့်စိတ်ကိုပြန်ထိန်းရင်း ပန်းပုဆရာလေး Wu Kris ဖွင့်ထားပေးသော ခြံတံခါးကို ဖြတ်ကာ သူ၏ အိမ်ခြံဝန်းထဲသို့ ခြေခြလိုက်လေ၏။
YOU ARE READING
ကြွေရုပ်
Romanceအတိတ်ဘဝကိုမှတ်မိနေစရာမလိုပါဘူးကွာ အဓိက က ကိုယ်တို့၂ယောက် ရင်ခုန်သံတွေ အမြဲတမ်း ဘယ်ဘဝရောက်ရောက် တူညီစြာ ရင်ခုန်နေဖိို့သာ~~~ KrisYeol{Yaoi}