6 Year Later;
Paradise အမည်ရှိသော ဘုရားကျောင်းတွင်
အလွန်တရာချောမောခန့်ညားလွန်းပြီးလိုက်ဖက်လွန်းလှသည့် ချစ်သူစုံတွဲ တစ်တွဲ၏ မင်္ဂလာပွဲကို စည်ကားခမ်းနားစွာ ကျင်းပဖြစ်နေကြလေသည်။မင်္ဂလာပွဲလာ ဧည့်ပရိတ်သတ်များစွာ၏ ကောင်းချီးပေး ဝမ်းသာစကားများနှင့်အတူ မင်္ဂလာပွဲမှာ ပြီးပြည့်စုံ၍ မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ခဲ့ရပေ၏။
၂ဖက်မိဘများ၏ အပြုံးတို့မှာလည်း လွန်စွာမှ အသက်ဝင်လျှက် ရှိနေကြသလို ကြည့်မိသည့် လူတိုင်းကိုလည်း စိတ်ကြည်နူးခံစားချက်တစ်ခုကို ထိုအပြုံးတို့မှ တဆင့် ကူးစက်စေနိုင်ခဲ့ကြသည်။
ယနေ့က သူတို့၎ယောက်လုံးအတွက် အပျော်ရွှင်ဆုံးနေ့တစ်နေ့ဟုဆိုနိုင်သလို
သူတို့အားလုံး၏ ရည်မှန်းချက် စိတ်ကူးတွေ အကောင်အထည်ပေါ်ဖြစ်သွားရသည့် နေ့ထူးတစ်ရက်ဆိုရင်လည်း မမှားနိုင်ပေ။
" Su Unnie ရယ် … Saeng လေ ဒီနေ့အရမ်းပျော်တာပဲသိလား?
သား၂ယောက်ကို အခုလိုမျိုး စိတ်တူကိုယ်တူ ဘဝလက်တွဲဖော်အဖြစ် ထာဝရပေါင်းစည်းသွားစေလို့ Lu လေ … Lu … "ဝမ်းသာမျက်ရည် ကျနေသည့် LuLuကို ခင်ပွန်းဖြစ်သူက ယုယစွာထွေးပွေးထားသလို
တဖက်တွင်လည်း ~~~
" အိုကွယ် … ဒီနေ့လေးမှာမှ ဘာလို့ Unnieတို့တွေ မျက်ရည်ကျနေမိပါလိမ့်နော်။
ဝမ်းသာလွန်းလို့ မျက်ရည်ကျတယ်ဆိုတာ ဒါမျိုးဖြစ်မယ် ထင်တယ် heee "SuSuမှာတော့ မျက်ရည်တဝက် အရယ်တဝက်ဖြင့် အနောက်တိုင်းဝတ်စုံအဖြူရောင် ဆင်တူဖြင့် အချောကြီးချောနေကြသည့် သား၂ယောက်ဖြစ်သူတို့၏ လက်ကို အတူတူစုကိုင်ပြီး အပျော်လွန် နေခဲ့လေသည်။
" Omma တို့ ၂ယောက်ကတော့နော်
မင်းသမီးတွေတောင် အရှုံးပေးရတော့မယ်။
တကယ်ပဲ mood ဝင်နေတာကတော့ လွန်ပ ။
ဟုတ်တယ်မလား PaPa & Appa "" ဟုတ်ပကွာ "
YiXing ကော SeHun တို့က တပြိုင်နက်ထဲ FanFanစကားကို ဝင်ထောက်ခံခဲ့ပေမဲ့
သူတို့၂ယောက်လုံး လက်ဆောင်အဖြစ် ဇနီးဖြစ်သူတို့စီမှ မပူသော ဗိုက်ကို ဆွဲအလိမ်ခံလိုက်ရခြင်းကို ကောင်းကောင်းကြီးအနာခံလိုက်ရပေတော့သည်။
YOU ARE READING
ကြွေရုပ်
Romanceအတိတ်ဘဝကိုမှတ်မိနေစရာမလိုပါဘူးကွာ အဓိက က ကိုယ်တို့၂ယောက် ရင်ခုန်သံတွေ အမြဲတမ်း ဘယ်ဘဝရောက်ရောက် တူညီစြာ ရင်ခုန်နေဖိို့သာ~~~ KrisYeol{Yaoi}