လွန်ခဲ့သော အတန်းအထိ FanFanလေးကျောင်းတက်လာခဲ့သမျှ ကာလပတ်လုံး အမြဲတမ်း သူ၏ဘေးခုံတွင် လူမရှိခဲ့ချေ။
အခုတော့ဖြင့် ထိုထိုင်ခုံလေးတွင် ချစ်စရာအလွန်ကောင်းသည့် ပိုင်ရှင်လေးတယောက် ရှိနှင့်လို့နေပြီလေ။
" ဟိတ်ကောင် ……… ဟိုမှာကြည့်စမ်း ငါတို့angry bird ဘေးမှာ ထိုင်လို့ရတဲ့သူရှိသွားပြီ ဟ "
" အေးဟ ……… အဲ့တယောက် တော်တော်ကံကောင်းတယ် "
" မင်းတို့ကလဲဟာ သူ့ဘေးမှာ ဘယ်သူထိုင်ထိုင်ပေါ့ ဘာဂရုစိုက်လို့ "
" Ya ……… မင်းကလဲ YiFanက စာလဲတော်တယ် ရုပ်လဲချောတယ်
သူ့လိုလူမျိုးဘေးနားမှာ မထိုင်ချင်တဲ့သူဘယ်သူရှိမလဲ သွားမေးကြည့်လိုက်……………တစ်တန်းလုံးက တစ်လေသံပဲထွက်မှာ
awww ……… မင်းတယောက်ကလွဲလို့ပေါ့လေ "" Ya တော်တော့ ……… ဟိုမှာ ဆရာမဝင်လာနေပြီ "
အနောက်ဆုံးညာဖက်ထောင့် ခုံ၂ခုံတွင် ထိုင်နေကြသည့် အပြုံးများနှင့် စကားတပြောပြောလုပ်နေသော FanYeol ၂ယောက်အား
တစ်တန်းလုံးရှိကျောင်းသားများက အံ့သြသလိုပုံစံများဖြင့် ကွက်ကြည့် ကွက်ကြည့်လုပ်နေကြတဲ့သူက တဝက်
အချင်းချင်း ကြိတ်ကြိတ်နဲ့ အသံတိုး အတင်းတုတ်နေကြသည့် သူများက တဝက်
သည်လိုနဲ့ တခန်းလုံး ၏ အထူးစိတ်ဝင်စားမှုကို ခံယူနေကြသော FanYeol၂ယောက်မှာ
အခန်းထဲသို့ ဆရာမဝင်လာတော့မှပဲ အကြည့်များရပ်တန့်သွားကြ၍ စိတ်အေးရပေ၏။
" ကဲ … ဒီနေ့က ကျောင်းစစဖွင့်တဲ့နေ့ဆိုတော့ စာမသင်သေးဘူးနော် "
" Hey ……… …………… "
ဆရာမစကားမဆုံးသေး
ထုံစံအတိုင်း ယောကျာ်းလေးသီးသန့်ကျောင်းမို့
မျောက်လောင်းကျော်များ၏ အသံက ဟေးခနဲ ဟိန်းထွက်ကာ ဆူညံသွားပေသည်။# ဒုန်း………ဒုန်း#
" အားလုံး အသံတိတ်မယ်
ဆရာမ ပြောစရာရှိတယ်
နားထောင်ကြအုံး "
YOU ARE READING
ကြွေရုပ်
Romanceအတိတ်ဘဝကိုမှတ်မိနေစရာမလိုပါဘူးကွာ အဓိက က ကိုယ်တို့၂ယောက် ရင်ခုန်သံတွေ အမြဲတမ်း ဘယ်ဘဝရောက်ရောက် တူညီစြာ ရင်ခုန်နေဖိို့သာ~~~ KrisYeol{Yaoi}