3Days Later::::::::::::::::::
Kris's P.O.V - " ဒီခလေးတော့လေ
၃ရက်လုံးလုံး ဘယ်ပျောက်နေလဲ မသိပါဘူးနော်။ph ကလဲ စက်ပိတ်ထားသေး………
နေများမကောင်းလို့လား ???
ဒါမှမဟုတ် သူ့Ommaများ အသည်းအသန်ဖြစ်နေလို့များလား???ဘာတွေဖြစ်နေတာလဲ ခလေးရယ် Hyung စိတ်ပူလိုက်တာ ……… "
အိမ်ထဲ၌ တစက်လေးမှ အငြိမ်မနေပဲ
ဟိုလျှောက်ဒီလျှောက် လုပ်ကာ
လူတင် ရောက်ယှက်ခက်နေသည်မဟုတ်
Wu Kris ၏ စိတ်ကပါ ရောက်ယှက်ခက်နေပေတော့သည်။ထိုစဉ် ဘဲလ်တီးသံကြား၍ အပြေးလေးသွားကြည့်ချိန်မှာတော့ ~~~
" အား ……… နာလိုက်တာ
အရေးထဲ ဒီနှလုံးက တမှောင့်ဆေး ……… ဆေး ……… ဘယ်မှာလဲ "
ခြံတံခါးကို မဖွင့်အားသေးပဲ Kris တယောက် သူ၏ ဆေးဗူးကိုသာ ရှာဖွေပြီး သောက်နေရ၏။
ဆေးသောက်ပြီး စက္ကန့်ပိုင်းလောက် အငြိမ်နေပေးတော့မှ တည်ငြိမ်လာသော
သူ၏ နှလုံးသားကို ကို ဖေးမရင်း
သူသည် ခြေလှမ်းနှေးများဖြင့် ခြံတံခါးဆီသို့ ဦးတည်လာခဲ့သည် ။### ကျွီ ###
" ChanYeol'a "
" Kris Hyung "
" ခလေးရာ မင်းဘယ်တွေပျောက်နေတာလဲ
၃ရက်လုံးလုံး အဆက်သွယ်လဲ မလုပ်ပဲ ပျောက်ချက်သားကောင်းနေတယ်နော် "" miyannae Hyung .ကျွန်တော်လဲ အလုပ်အရမ်း ရှုပ်သွားလို့
ph ပါ စက်ပိတ်ထားလိုက်မိတယ်
jinja miyannae Hyung "" ထားပါတော့ ခလေးရယ်
ဒါနဲ့ ခလေးနေရောကောင်းရဲ့လားကွယ်ကြည့်ပါအုံး မျက်နှာဖောင်းဖောင်းလေးကမနဲ ပိန်ကျသွားပြီ "
" ကျွန်တော်နေကောင်းပါတယ် Hyung ရဲ့
သူများကိုပဲ စိတ်ပူပေးမနေနဲ့အုံး
Hyung မျက်နှာကို မှန်ထဲမှာ ပြန်ကြည့်ဖြစ်သေးရဲ့လား ?"" ဟွန် ……… Hyung မျက်နှာဘာဖြစ်လို့လဲ
ဘာပေနေလို့လဲ "" arnyi ဘာမှမပေပါဘူး Hyung.
Hyungအခုတလော အိပ်ရေးဝဝမအိပ်ဘူးထင်တယ်။
မျက်ကွင်းတွေ တအားညိုနေတာပဲ "
YOU ARE READING
ကြွေရုပ်
Romanceအတိတ်ဘဝကိုမှတ်မိနေစရာမလိုပါဘူးကွာ အဓိက က ကိုယ်တို့၂ယောက် ရင်ခုန်သံတွေ အမြဲတမ်း ဘယ်ဘဝရောက်ရောက် တူညီစြာ ရင်ခုန်နေဖိို့သာ~~~ KrisYeol{Yaoi}