XOXO Middle School ၏ uniform
ကို ဆင်တူဝတ်ဆင်ထားသော
ရုပ်ချင်းအနည်းငယ်ဆင်သည့် ကောင်လေး၂ယောက်တယောက်က ပါးဖောင်းဖောင်းလေးမှာ ပါးချိုင့်ပေါ်အောင် အသားကုန်ပြုံးရယ်နေပြီး
တယောက်ကတော့ သွားဖွေးဖွေးလေးတွေနှင့် သားဖုံးပေါ်အောင် ပြိုင်ပြုံးရယ်နေကြသည်။
" Ya လာသွားရအောင် ရယ်နေလို့ပဲ မဖြစ်သေးဘူး ကျောင်းကားနောက်ကျမယ်
Yeol "" OK OK သူများပဲဆရာလုပ်နေတယ်။
စောနက သွားဖုံးတွေပေါ်အောင် ရယ်နေတာဘယ်သူပါလိမ့်¿¿¿??? "" Yar………Park Yeollie
လာစမ်း………မင်းဒီနေ့တော့သေပြီ "ပါးစပ်ကို အပေါ်ဆွဲတင်ပြီး သားဖုံးမပေါ်ပေါ်အောင် လုပ်ပြကာ
မျက်နှာက ပြောင်စပ်စပ်လုပ်ရင်း ထွက်ပြေးသွားသော Yeollie ကိုအနောက်ကနေ FanFanတယောက်အပြေးလိုက်သွားကာ
Yeollie ပခုံးကို အတင်းလှမ်းဖက်ပြီး ပါးဖောင်းဖောင်းတွေကို အတင်းဆွဲညစ်နေလေ၏။" FanFan အား………နာတယ်ဟ
တော်ပြီ နောက်ပြောတော့ဝူး "" မပြောလည်း ငါကတော့ မင်းပါးဖောင်းဖောင်းတွေကို ဆွဲမှာပဲ ………
ဆွဲမှာပဲ ……… Ha Ha ငါ့ကိုလာမတားနဲ့ "ဒီနေ့က ကျောင်းစဖွင့်တဲ့နေ့ဖြစ်ပေမဲ့လို့
၂ယောက်သား မိဘတွေကို လိုက်မပို့ပါနဲ့လို့
အတန်တန် ငြင်းဆိုခဲ့ပြီး ကျောင်းကို ကိုယ့်အားကိုယ်ကိုး လာခဲ့သည့်
အလယ်တန်းကျောင်းသားများဖြစ်ကြသော
FanFan&Yeollie.၂ဖက်မိဘ တွေကစိတ်မချသော်ငြား
ခေါင်းမာတတ်သော FanFanလေးကြောင့်
အလျော့ပေးကာ ကျောင်းအသစ်တက်ရမည့်
Yeollie လေးကို သူဦးဆောင်ခေါ်ခဲ့ခြင်းပေ။Park Yeollie ဆိုတာကလဲ Wu FanFan ခေါ်ဆောင်ရာနောက်ကို ထပ်ချက်မကွာလိုက်မည့်လူစားမျိုးပေမို့
SeHunတို့ဇနီးမောင်နှံလည်း ဘယ်လိုမှ တားမရချေ။
ဒီလိုနဲ့ Condo အောက်ထပ်ထိ စိတ်မချနိုင်စွာလိုက်ပို့ပေးကြသော
၂ဖက်မိဘများကို အတင်းပြန်လွှတ်ပြီး
ESTÁS LEYENDO
ကြွေရုပ်
Romanceအတိတ်ဘဝကိုမှတ်မိနေစရာမလိုပါဘူးကွာ အဓိက က ကိုယ်တို့၂ယောက် ရင်ခုန်သံတွေ အမြဲတမ်း ဘယ်ဘဝရောက်ရောက် တူညီစြာ ရင်ခုန်နေဖိို့သာ~~~ KrisYeol{Yaoi}