မှိုင်းညို့အုံဆိုင်းနေသည့် မိုးကောင်ကင်ကြီးထက်တွင် ရေခိုးရေငွေ့အပြည့်ပါသော တိမ်ဆိုင်များကမကြာခင်တွင် ထိန်းမနိုင်သိမ်းမရ ရွာသွန်းပေတော့မည်။
ထို့အတူ Heaven Grave Yard ရှိ အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသော
လူအများတို့၏ မျက်ဝန်းအိမ်ထက်တွင် ဝမ်းနည်းခြင်း အရိပ်အယောင်ဖြစ်သော
မျက်ရည်ဥ များစွာက အသင့်နေရာယူထားကာ များမကြာမှီတွင်
အသီးသီးသော ပါးပြင်ထက်သို့ စီးဆင်းကျပေတော့မည်။" ရက်စက်လိုက်တာ လောကကြီးရယ်
ဘာလို့များ ဒီတစ်မိသားစုလုံးအပေါ် ဆိုးရွားလှတဲ့ ရောဂါဆိုးကြီးကို ပေးခဲ့ရတာလဲ
wae???¿¿¿ wae???¿¿¿ "ChanYeol's Omma ဖြစ်သူ၏ ငယ်သူငယ်ချင်း ဖြစ်သူ ကပင် ဒီလောက်အသည်းအသန် ယူကြုံးမရ ဖြစ်နေပါက
ကျန်မိသားစုဝင်များနှင့် ChanYeol ကိုချစ်ခင်သူ မိတ်ဆွေ အပေါင်းအသင်းသူငယ်ချင်း
ပြီးတော့ ChanYeolချစ်ရသူ <တနည်းအားဖြင့်> ChanYeol ကို ချစ်နေသူ ပန်းပုဆရာလေးသာ ဆို ဘယ်လောက်များ စိတ်ထိခိုက်နေလိမ့်မလဲ???
" တခါတလေ ကျရင် လောကကြီးက မမျှတဘူး။
ဒီလောက် လိမ္မာရေးခြားရှိတဲ့ သား၂ယောက်
ပြီးတော့ မိဘကောင်း ၂ပါးစလုံးကိုဘာဖြစ်လို့များ တဦးနှင့် တဦး နှစ်တွေ ဘယ်လောက်မှ မကြာစေပဲ ခေါ်ဆောင်သွားရက်ရတာလဲ မသိ။"
အိမ်နီးချင်း အမျိုးသမီးတဦးက ထိုသို့ စိတ်မကောင်းစွာပြောလိုက်လေသော်အခါ
နောက်ထပ် အိမ်နီးချင်း အမျိုးသမီးကြီး တဦးကလဲ
" တကယ်ပါ ဒီမိသားစုအတွက် လုံးဝကို စိတ်မကောင်းဘူးကွယ်
လွန်ခဲ့တဲ့ ၄နှစ်နဲ့၂နှစ်က အဖေနဲ့သားကြီးကို လောကကြီးထဲက ခေါ်ထုတ်သွားတယ်။
အခုလဲ ဒီရက်ပိုင်းလေးအတွင်း အမေနဲ့ သားငယ်ကို ခေါ်ထုတ်သွားပြန်ပြီ………"
ထိုအမျိုးသမီးကြီးက ဤကဲ့သို့ပြောရင်း
ဝမ်းနည်းစွာဖြင့် မျက်ရည်များစွာ စီးဆင်းကျလာပေတော့သည်။
ESTÁS LEYENDO
ကြွေရုပ်
Romanceအတိတ်ဘဝကိုမှတ်မိနေစရာမလိုပါဘူးကွာ အဓိက က ကိုယ်တို့၂ယောက် ရင်ခုန်သံတွေ အမြဲတမ်း ဘယ်ဘဝရောက်ရောက် တူညီစြာ ရင်ခုန်နေဖိို့သာ~~~ KrisYeol{Yaoi}