***ကြွေရုပ်(၆)***

2.5K 247 2
                                    

ခြေလှမ်းပေါင်း ၁၀၀ထက်မနည်း သူလှမ်းလျှောက်ပြီးချိန်တွင်တော့

ChanYeolသည် မောဟိုက်နေသော နှလုံးသားတစုံနှင့်အတူ မျက်ရည်များပိုးပိုးပေါက်ပေါက်ကြကာ
ငိုကြွေးနေပေတော့သည်။

အိမ်ရာဝန်း၏ လမ်းမထက်တွင်မို့တော်သေးသည်။
နောက်မို့ဆို ChanYeol ဘဝသည်မတွေးရဲစရာ။

မျက်လုံးအိမ်ထဲတွင် နီရဲသော သွေးကြောများပေါ်အောင် ငိုထားသော
ChanYeol တယောက် အိမ်တအိမ်၏ ခြံစည်းရိုးတိုင်ကို အမှီပြုပြီး နောက်မကြာမှီတွင် အရုပ်ကြိုးပြတ်လဲကျသွားပေတော့သည်။

¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥

ပီးပေါ်°°°°°°°°°°°°°ပီးပေါ်°°°°°°°°°°°°°°°°°°

မီးအနီရောင် တလျှပ်လျှပ်ပြကာ အသည်းအသန်မောင်းနှင်လာသော
လူနာတင်ကား၂စီးသည် EXODUS Hospital ရှေ့တွင် ထိုးရပ်လိုက်ကာ

ထိုကား၂စီးပေါ်မှ အောက်စီဂျင်ပိုက် တပ်လျှက်ရှိနေသောလူနာကောင်လေး
တယောက် နှင့်

ဖြူစွတ်နေသော အသားရေတွင် သွေးပင်မရှိတော့သည့်အလား
လူနာကောင်လေး တို့ကို အသီးသီး ဆေးရုံထဲသို့ အသည်းအသန်ခေါ်သွားကြပေ၏။

" ဘာဖြစ်လာကြတာလဲ ???
လူနာရှင်ကော အတူပါလာကြသေးလား ? "

အရေးပေါ်ခန်း၏ တာဝန်ကျ Dr.Xing က ထိုလူနာ ၂ယောက်ကို သယ်ဆောင်လာသော
ဆေးဝန်းထမ်း ၂ဦးကို မေးလိုက်ပေသည်။

" nae လူနာရှင်ရှိမဲ့ပုံတော့ မပေါ်ဘူး။
ကျွန်တော် ခေါ်လာတဲ့ တယောက်က ခြံဝန်းထဲမှာ လဲကျနေလို့ဆိုပြီး

ဘေးအိမ်က ဦးလေးကြီးက ph ဆက်ခေါ်ပေးတာ "

ထိုလူငယ်က ဆေးရုံကုတင်ထက်တွင်
အောက်စီဂျင်ပိုက် တန်းလန်းနှင့် လူငယ်လေးကို ကြည့်ပြီး Dr.Xing ကိုပြောပြလိုက်လေသည်။

ထို့ပြင် နောက်ထပ် ဘေးကုတင်က ဖြူစုပ်နေသော ကောင်လေးကို ခေါ်ဆောင်လာသော လူငယ်ကလဲ

" ဒီကောင်လေးကတော့ GreenLight အိမ်ရာဝန်းရဲ့ အိမ်တအိမ်ရှေ့မှာ လဲကျနေလို့ဆိုပြီး ပတ်ဝန်းကျင်က လူတွေက ph ဆက်ခေါ်ပေးတာ ဗျ။

ကြွေရုပ်Where stories live. Discover now