ကြွေရည်သုတ်ဆေးရည်၏ အနံ့အသက်က
လွန်စွာ စူးရှပြီး သူ၏ နှလုံးကို အသက်ရှုရကြပ်စေကာ ဒုက္ခရောက်စေနိုင်ပေမဲ့လည်းမိုက်ရှုးရဲစွာ တဇွတ်ထိုး ခေါင်းမာလျှက်
သူဆက်လက်ပြီး ပန်းပုရုပ်ပေါ်တွင် ရေးခြယ်နေသေးသည်။အတန်ကြာ ဆေးရည် သုတ်လိမ်းပြီးတော့
နားကားကားလေးများဖြင့် ထိုပန်းပုရုပ်ထု ၏ နေရာအနှံ့ကို လူတဦးတယောက်နင့် ချွတ်စွတ်တူနေစေရန်အတွက်သူသည် ဆေးရောင်စုံများဖြင့် မျက်နှာပိုင်းတွင်
မျက်လုံးဆို မျက်လုံးလှလှလေးပေါ်စေရန်
မျက်ခုံး မျက်ရစ် နှုတ်ခမ်း ဆံနွယ် စသည့် လူတဦးတယောက်၏ အပြင်လက်ရှိပုံစံ အရောင်အသွေးများအတိုင်း စိတ်ရှည်စွာပုံဖော်ပေးနေတော့သည်။ပြီးနောက် အဝတ်အစားပိုင်းနှင့် ပက်သက်ပြီးလဲ သူ့စိတ်ထဲ သဘောကျနေသော design ကိုသာ စိတ်ကူးပုံဖော်ပြီး ဆေးရောင်ခြယ်ပေးနေလိုက်သည်။
ဒီလိုနဲ့ နေ့တဝက်လောက် ကုန်ဆုံးသွားချိန်မှာတော့~~~
လူလား??? ရုပ်ထုလား???
ဆိုတာကို ရုတ်တရက် ခွဲခြားလို့မသိနိုင်တော့သည့်ကြွေရုပ်လေးတရုပ်ဖြစ်လို့သွားခဲ့ပြီ။
ထို့နောက် ဆေးနံတွေကြောင့် အသက်ရှုမဝ
ဖြစ်နေသော သူသည်နှာခေါင်းထက်တွင် စည်းထားသော
mask ကြားမှ သူ ပြောလိုက်သည့်စကားသည်" ChanYeol'a ခလေးရဲ့ ကြွေရုပ်လေးကို
Hyung ပထမဆုံးနှင့် နောက်ဆုံးအကြိမ်ဖြင့် ထုလုပ် အသက်သွင်းပေးနိုင်ခဲ့ပြီသိလား?အမှန်ဆို ဒီကြွေရုပ်လေးကို ခလေးလက်ထဲမပေးပဲ Hyung ပဲ ထိန်းသိမ်းထားချင်ခဲ့တာ
ဒါပေမဲ့ လောကကြီးထဲက မကြာခင် ထွက်သွားရတော့မဲ့
လူတယောက်မို့ ဒီကြွေရုပ်လေးကို ခလေးစီ မပေးချင်ပေမဲ့လဲ ပေးခဲ့ရတော့မယ်။အဲ့ဒီအတွက်ကြောင့် Hyung ကိုလေ အဆက်အသွယ် အမြန်လုပ်ပေးပါတော့လား ခလေးရယ်။
နောက်ဆုံးအချိန်မရောက်ခင် Hyung စိတ်ချလက်ချ ဖြင့် ခလေးပုံတူ ကြွေရုပ်လေးကို အပ်ခဲ့ချင်တယ်။
YOU ARE READING
ကြွေရုပ်
Romanceအတိတ်ဘဝကိုမှတ်မိနေစရာမလိုပါဘူးကွာ အဓိက က ကိုယ်တို့၂ယောက် ရင်ခုန်သံတွေ အမြဲတမ်း ဘယ်ဘဝရောက်ရောက် တူညီစြာ ရင်ခုန်နေဖိို့သာ~~~ KrisYeol{Yaoi}