ဒီနေ့ မိုးလင်းထဲက Kris လို့ခေါ်တဲ့ ၅ နှစ်အရွယ်ကလေးတစ်ယောက် ဟိုပြေးဒီပြေးနဲ့ ဆော့ကစားနေကာ ပျော်ရွှင်နေလေသည်။
သား Kris ဖြေးဖြေး ချော်လဲ မယ်လို့ စိတ်ပူပြီး အော်နေသည့် သူ့ မွေးစားဖခင် Kim Bam ရဲ့ စကားသံတွေကို တောင် ကြားမိမည်မထင်။
Kim မှာလည်း သူ့မိန်းမ Soo Youngwha ကိုယ်လည်း စိတ်ပူနေရသေးသည်လေ။
ဟိုလျှောက်ဒီလျှောက် သားဖြစ်သူ kris ကို လိုက်ဆွဲလိုက်နှင့် အလုပ်ရှုပ်နေစဉ် အသံလေးတစ်သံဟာ သူတို့သားအဖ နှစ်ယောက်ကို ရပ်တန့်စေလိုက်သည်။အူဝဲ------အူဝဲ ဆိုသော အသံနှင့်အတူ Nurse တစ်ယောက်ထွက်လာပြီး ဂုဏ်ယူပါတယ် သားလေးမွေးပါသည်ဟူသည့်စကားသံနှင့်အတူ Kim တစ်ယောက် ဝမ်းသာလွန်းကာ မျက်ရည်နှင့်အတူ Kris အားချီကာ တစ်ပတ်လှည့်လိုက်ပြီး ငါအဖေဖြစ်ပြီ ငါ့မှာ သားနှစ်ယောက်ရပြီ ငါ့ရဲ့လက်ရုံးနှစ်ဖက်ရပြီဟု အော်လိုက်သည်။ခဏကြာတော့ သူတို့ ဆေးရုံ အခန်းထဲကို ဝင်ကာ ကလေးလေးကို ကြည့်ပြီး Kim တစ်ယောက်Soo ကို ပွေ့ဖက်ပြီး ကျေးဇူးပါကျေးဇူးပါဟု ပြောရင်းမျက်ရည်တွေသာစီးကျနေသည်။Soo တစ်ယောက် Kim အား မျက်ရည်သုတ်ပြီး စကားဆိုလိုက်သည်။ကျွန်မက ပိုပြီး ကျေးဇူးတင်ပါတယ် ဒီလို ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ခွင့်ပေးလို့ဟု ဆိုကာ ကလေးထားရာဆီကို ပြုံးပြီးကြည့်လိုက်သည်။ပြီးတော့ Kris ထံသို့ Kris သား သားညီလေးနော် စောင့်ရှောက်ရမယ်နော်ဟု ပြောလိုက်သည်။Kris ထံမှာ စကားတစ်ခွန်း ထွက်လာသည် ဟုတ်ကဲ့ မေမေ သားစောင့်ရှောက့်ပါ့မယ်။Kris ရဲ့စကားကိုကြားတော့ Kim က Soo ရယ် Kris ကငယ်ပါသေးတယ် အဲ့စကားအဓိပ္ပယ်ကို တောင်သိပါစေ ဦးဟု ပြောလိုက်စဉ် စကားသံသေးသေးလေးလေးထွက်လာသည်။စကားသံ ပိုင်ရှင်ကတော့ Kris သားသိပါတယ်ဖေဖေ ဖေဖေ မေ့မေ့ကိုစောင့်ရှောက်သလိုမလား ဟုတောက်ပသော မျက်လုံးတစ်စုံနဲ့အတူ ပြောလိုက်သည်။Kim နှင့် Soo တစ်ယောက် ငိုအားထက် ရယ်အားသံချင်သလို ပိတိဖြာမိသွားသည်။Kris သည် ငယ်စဉ်ကလေး ၃ နှစ်သားကတည်းက မိဘနှစ်ပါး ဆုံးသွား၍ ဒဏ်ရာရှိပြီးသားကလေးဖြစ်သည်နှင့်အတူ အရွယ်နှင့် မလိုက်အောင် ရင့်ကျက်လေသည်။ခုလည်း ကြည့်လေကလေးနဲ့မလိုက်အောင် ပြောလိုက်သောစကားကြောင့် မိဘနှစ်ပါး အံ့အားသင့်စေခဲ့သည်မလား။သူတို့ မိသားစုလေး စကားလက်ဆုံ ကျနေတာနဲ့ ကလေးနာမည်လေး ပေးဖို့ မေ့နေသည်ထင်သည်။အဲ့အချိန်မှာဘဲ ဖေဖေ ညီလေး မျက်လုံးလေးကလေ O လေးလိုပဲ နော်ဟု Kris ကပြောလိုက်သည်။ဒါနှင့် Soo ကဟုတ်လားသားရဲ့ တူလို့လား တူတယ်မေမေ ဒါဆို ကောင်းပြီလေး သားညီလေးကို O လေးလို့ခေါ်တာပေါ့ ဟုတ်ပြီလား။မေမေ တကယ်လား ဒါဆို သားညီလေးကို သားကိုယ်တိုင်နာမည်ပေးလိုက်ပြီပေါ့နော်။ထိုစကားကို Kim ကဟုတ်တာပေါ့ဟု ဝင်ထောက်ခံလိုက်သည်။Kris က ကလေးကို Oလေးဟုခေါ်လိုက်သည် အမေ ညီလေးက သားကို ပြန်ထူးတယ်ဗျ။Soo က ဟင် ဟုတ်လားသားရဲ့ ဟုတ်တယ် မေမေ သားကိုပြုံးပြီး ပြန်ကြည့်တာက ထူးတာပဲ လေ ဟုတ်တယ်မလားဖေဖေ။Kim တစ်ယောက် O လေးကို လှမ်းကြည့်လိုက်တော့ ဟုတ်ပ ကွ သားညီလေးက ထူနေတာပဲဟု ပြောကာ ကျေနပ်သောအသံဖြင့်ရယ်လေသည် Sooလည်း Kris နဲ့ O လေးရဲ့ သံယောဇဉ်ကို သဘောကျမိပြီးရယ်မောမိလေသည် ဆေးရုံက အခန်းတစ်ခန်းကတော့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နက်နေလေသည်။အဲ့နေ့လေးကိုသူတို့ ဘယ်တော့မှ မေ့မှာမဟုတ်လောက်တော့ပါ။အဲ့နေ့က တော့ Kimနဲ့ Sooတို့မိသားစုလေးအတွက်တော့ သားလေးတစ်ယောက် ဝင်ရောက်တဲ့နေ့လေးပေါ့။အဲ့တာထက် Kris ရဲ့ ဘဝထဲကို O လေးဝင်လာခဲ့တဲ့နေလေးလိုပြောရင် ပိုမှန်ပေလိမ့်မည်။

YOU ARE READING
Love is ( KT Yaoi)
FantasyThis is my first fic Hey guys if u enjoy my fic Please don't forget to click the stars okkie