Part-9

132 9 0
                                    

Kim လည်း ဖုန်းပြောပြီး ဒီရပ်ကွက်ထဲက တချို့နေရာတွေကို လျှောက်ကြည့်ရန် ထလိုက်ပြီး LSM နဲ့ သူ့ဇနီးကို နှုတ်ဆက်ကာ ထွက်လာလိုက်သည်။

သူနေခဲ့တဲ့ အင်ချွန်းမြို့ရဲ့ အကြီးဆုံ မိဘမဲ့ ဂေဟာလေးဖြစ်တဲ့ မေတ္တာရိပ် ကိုလည်း သူသွားချင်သေးသည်လေ။ထို့ နောက် သူ Taxi ဌားကာ ဂေဟာလေးဆီ ခရီးဆက်ခဲ့လေသည်။

သူတစ်နာရီလောက် ကားစီးပြီးတော့ ရောက်လာခဲ့ပြီလေ။သူ ဝင်သွားလိုက်ပြီး ဂေဟာမှူး ရဲ့ ရုံးခန်းဆီ ဦးတည် ကာ သွားလိုက်သည်။တံခါးကို ခေါက်ကာ

" Hello Mr.David ရှိလား ဝင်ခဲ့လို့ ရမလား "

" ဟုတ်ကဲ့ ဝင်ခဲ့ပါဗျ "
Kim ဝင်သွားသည် နှင့် Mr.David လည်း Kim ကိုမြင်တော့ ဝမ်းသာအားရ ကြိုဆိုလိုက်ပြီး မေးခွန်းများစွာကို ဆက်တိုက်သာ မေးလိုက်တော့သည်။Kim လည်း ဂေဟာမှူးက မှတ်မိတော့ ဝမ်းသာသွားလေသည်။

" Kim မင်းကွာ မလာတာ ကြာပြီ
တော်တော်နေနိုင်တဲ့ ကောင်ပဲကွာ "

" မဟုတ်ပါဘူးဗျာ ကျွန်တော် လည်း ကိစ္စတွေ အများကြီး ဖြစ်သွားလို့ပါ" ဟုဆိုကာ အကြောင်းစုံ ရှင်းပြလိုက်သည်။

" အော် အေးပါကွာ LSM အခုလို ဖြစ်သွားတာ စိတ်မကောင်းပါဘူးကွာ မင်းတို့ ညီအကို နှစ်ယောက်ရဲ့ ပုံရိပ်တွေက ဒီကျောင်းမှာ ရှင်သန်နေဆဲပါကွာ "ဟု ပြောရင်း မျက်ရည်တွေကျလာလေသည်။ 

Kim လည်း သူအလုပ်က ထွက်သွားတော့ LSM ဒီကျောင်းထိ လိုက်လာပြီး သူ့ကို ပြန်ခေါ်ခဲ့သည်ကို အတွေးတွေ ပြန်ရောက်သွားလေသည်။

(Kim နဲ့ LSM ငယ်ဘဝ အဆက်)

LSM လည်း Kim ကို ပြန်ခေါ်ရန် လိပ်စာသေချာစုံစမ်းကာ ဒီကျောင်းကို စိုက်စိုက်မြိုက်မြိုက်ကို ရောက်လာလေသည်။

LSM လည်း ကျောင်းထဲ ဝင်လာပြီး ဂေဟာမှူး ရုံးခန်းကို တန်းသွားလိုက်ပြီး အကြောင်းစုံရှင်းပြကာ ဂေဟာမှူး အား Kim အားတွေ့ ခွင့်ရအောင် အကူအညီ တောင်းရလေသည်။David လည်း ကျောင်းက အဆောင်မှူး တစ်ယောက်ကို Kim အား အခေါ်လွှတ်လိုက်လေသည်။

" Kim ရေ Kim  ငါ အဆောင်မှူး Jon ပါကွ မင်းကို ဆရာ David ခေါ်ခိုင်းလို့ကွ " ဟု တံခါးကို ခေါက်ကာ အော်ခေါ်နေလေသည်။
ခဏနေတော့

Love is ( KT Yaoi)Where stories live. Discover now