ကျွန်တော်ဘယ်ရောက်နေတာလဲ ဒါဘယ်နေရာလဲ ဘာလို့ သဲသဲကွဲကွဲ မမြင်တာလည်း
''သား Kris ----''
ဟင် ဖေဖေ့ အသံပါလား
''ဖေဖေဖေဖေ ''
ဟင်ဖေဖေပါလား
''သား သွားထွက်သွား သား''''ဖေဖေ ဘာဖြစ်တာလဲ သွေးတွေနဲ့ပါလား''
''သား သွားထွက်သွား ပြေးပြေးလွတ်အောင်ပြေး ဖေဖေ့ကို လှည့်မကြည့်နဲ့ သွား''''သားက ဘာလို့ထွက်သွားရမှာလဲ ဘာလို့လဲ ဘာလို့လဲ ''
ဖိနပ်သံကို ကျွန်တော် ကြားနေရသည် နီး၍နီး၍လာသည်
် ''ဟာကွာ သွားပါတော့ဆို
ဖေဖေက ကျွန်တော့်ကို ဒီကလေးကတော့ကွာဟု''ဆိုကာ သစ်ပင်နောက်တွင်ထားလျုက်ပြီး
''ထွက်မလာနှင့် ဟုတ်ပြီလား ဖေဖေ ဘာပဲဖြစ်နေနေ ထွက်မလာဘူး ကတိပေး ဟုတ်ပြီလား။''
''ဟုတ်ကဲ့။''ဖေဖေထွက်သွားသည်နှင့် ကျွန်တော် သစ်ပင်နောက်ကွယ်က ခိုးကြည့်နေမိသည် အနက်ရောင် ဝတ်ဆုံနှင့်လူတစ်ယောက် ဘယ်သူလဲ ပါးမှာလည်း အမာရွတ်ကြီးတစ်ခုနဲ့ သူကကောဘယ်သူလဲ ငါဘယ်ရောက်နေတာလဲ ငါ----- ငါ ဘာတွေဖြစ်နေတာလဲအိမ်မက်လား
''မင်းငါတောင်းတာကို ကြည်ကြည်ဖြူဖြူပေးရင်ကောင်းမယ်
မဟုတ်ရင် မင်းအသက် ဆုံးမယ်ဆိုတာကို နားမလည်ဘူးလား''
''မင်းလိုချင်တာ ရရင်ကောမင်းက ငါ့ကို မသတ်တော့ဘူးတဲ့လား''ဖေဖေရယ် ပေးလိုက်ပါဗျာ ဘာလို့လဲ ဘာမို့လဲ
မင်းအဲ့လောက်ခေါင်းမာနေတာကြည့်ရင် တော်တော် အရေးပါတာပဲဖြစ်ရမယ်''ငါ့ဆရာဆီ မင်းကို ခေါ်သွားစရာ မလိုတော့ဘူးပဲ မင်းတော့ ကံဆိုးပြီ'' ဘာကွ ''ဘာ မင်းဘာပြောတာလဲ မင်းဆရာဆိုတော့?''
''ဟုတ်တယ်ဗျ အံ့သြသွားလား ခင်ဗျား ညီ KYM လေ LSM ရဲ့ ''
''မင်းမင်းငါ့ကို ဘာလုပ်မလို့လဲ သတ်မလို့လား''
''မသတ်ပါဘူး ခင်ဗျား ပေးစရာရှိတာသာပေးလိုက် ခင်ဗျားညီက မသတ်လောက်ပါဘူး''ဖေဖေ ပေးလိုက်ပါဗျာ ဖေဖေ မသေပါနဲ့နော်
''မင်းဆရာကို ပြန်ပြောလိုက် ငါ့အသက်ပဲရမယ်''

YOU ARE READING
Love is ( KT Yaoi)
FantasyThis is my first fic Hey guys if u enjoy my fic Please don't forget to click the stars okkie