Part 4

238 19 8
                                    

" သား Suho မေမေ ပြောထားမယ်နော် ဟို အိမ်က အိမ်ရှင်တွေက လက်မခံ ရင် သားအရမ်း မတောင်းဆို ပါဘူးလို့ ကတိပေးထားရမယ် ဟုတ်ပြီလား။ဘယ်လိုလဲ"

"ok ok no problem"

"အိမ်ရှင်တို့ အိမ်ရှင်တို့--------"

"ဟုတ်ကဲ လာပါပြီ ခင်ဗျ လာပြီဗျ ခဏလေး ဗျို့"

Kim တစ်ယောက် အိမ်ခြံစည်းရိုးနား ပြေးထွက်သွားပြီး တံခါးကို မြန်မြန်ဖွင့်လိုက်သည်"

Yoona နဲ့ Suho ကို မြင်တော့" ဟုတ်ကဲ့ ဘယ်သူတွေလည်း မသိဘူး ဘာကူညီပေးရမလဲဗျ ကျွန်တော့် နာမည် Kim Bam ပါ တွေ့ရတာ ဝမ်းသာပါတယ် ဟု Yoona အားလက်ဆွဲ နှုတ်ဆက်လိုက်သည်"

"Yoona လည်းဟုတ်ကဲ့ ကျွန်မ နာမည် က Yoona ပါ ဟိုဘက်အိမ်ကို ဒီနေ့မှ ပြောင်းလာတဲ့ လူသစ်ပါ။"

"ဟုတ်ကဲ့ သြော် လူသစ်တွေကို ဒါကြောင့် ကျွန်တော် မမြင်ဘူးတာ ကို လာနှုတ်ဆက်တာလား တကူးတကဗျာ အားနာစရာတွေ ဖြစ်နေဦးမယ်"

"ဟုတ်ကဲ့ တကူးတကကို လာအကူညီတောင်းတာဆို ပိုမှန်မယ်ထင်တယ်"

kim တစ်ယောက်နားရှုပ်သွားဟန်ဖြင့် " ဗျာ တကူးတက အကူအညီတောင်းဖို့ လာတာ ဟုတ်လားဗျာ ဟုတ်ကဲ့ ဘာကူညီပေးရမလဲ မသိဘူး"

"ဒါက ကျွန်မ သားလေး လေ Suho လို့ ခေါ်တယ် "
Yoona တစ်ယောက် Suho အား " သားနှုတ်ဆက်လိုက်ဦး လေ"

" ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော့ နာမည် Suho ပါ ကျွန်တော် မေမေ အလုပ်သွားနေတုန်း သားဒီ အိမ်က ကောင်လေးနဲ့ ဆော့ ပြီး နေခဲ့ချင်လို့ မေမေ့ကို လာပြောခိုင်းတာပါဗျ ဦး သဘောတူရဲ့ လား မသိဘူး"

" Kim တစ်ယောက် Suho အားကြည့်ပြီး သားက Suho လား ချစ်စရာလေး ပဲ သားက ဦးသား Kris နဲ့ ဆော့ချင်တာလား"

"ဟုတ်ကဲ့ဦးလေး ဒါနဲ့ ဟိုကောင်လေး နာမည်က Kris လားဟင်"

"ဟုတ်တယ် သားရဲ့ ဦး က တော့ သဘောတောင်ကျသေးတယ် Kris က ကလေး ပီပီ သိပ်မဆော့ လို့ စိတ်ပူနေတာ အဖော်ရတာပေါ့။"

"Yonna က အကို ရယ် အားနာလိုက်တာ သားက အရမ်း အားတက်သရော ဖြစ်နေတော့ ကျွန်မ ပြောပေးတာ တောင် မစောင့်တော့ပဲ ပြောလိုက်တယ် ကျွန်မ တကယ်အားနာပါတယ် ရှင် အဆင်ပြေမယ်ဆိုရင် သားလေးကို ထားခဲ့ချင်ပါတယ် သူကလည်း အလုပ်ကို မလိုက်ချင်ဘူး ဒီအိမ်က ကလေးနဲ့ ပေးဆော့ ဖို့ ပဲ ပူဆာ နေတော့ ကျွန်မ မတတ်နိုင်ဘူး ဖြစ်နေလို့ပါရှင် ကျွန်မ အလုပ်လည်း နောက်ကျနေပြီ ကူညီလို့ ရရင် ကူညီပေးပါဦးနော်"

Love is ( KT Yaoi)Where stories live. Discover now