Part-6

191 19 3
                                    

Suho နဲ့ Kris တို့လည်း တစ်ရေး အိပ်နေချိန် Kim လည်း ပန်းကန်တွေ ဆေးကြောပြီး သူ့အလုပ်သူပြန်လုပ်နေလေသည်။အချိန်တွေက လည်း တဖြေးဖြေးနဲ့ ကုန်ဆုံးလာလိုက်တာ ညနေ 5 နာရီတောင် ထိုးသွားလေပြီ။ ထိုအချိန် kim အလုပ်ခန်းထဲ၌

" ကလင် လလင်----------- ကလင်"handphone သံ ထမြည်လိုက်သည်။
kim တစ်ယောက် ဖုန်းကို ကြည့်လိုက်တော့ KYM ဆက်တာ ဖြစ်နေလေသည်။သူ စဉ်းစားမနေဘဲ ကောက်ကိုင်လိုက်သည်။

"Hello မင်းငါ့ဆီ ဖုန်းတွေဘာတွေ ဆက်လို့ပါလား KYM "

"ငါ က ငါ့သူငယ်ချင်း ဟောင်းဆီ ဖုန်းဆက်လို့တောင် မရဘူးလား မင်း က လည်း သူစိမ်းဆန်လိုက်တာ"

"ဘာ သူငယ်ချင်း မင်း ပါးစပ်က ဒီစကား ထွက်လာတာ အံ့သြစရာပဲနော် စကားတွေ ရှည်ရှည်ဝေးဝေးပြော မနေ ချင်ဘူး ပြောစရာမရှိရင် ဖုန်း ချလိုက်မယ်"

"မင်း ငါ့ကို kris ကို ပြန်ပေးသင့်တယ်လို့ မင်း မထင်ဘူးလား Kim "

"မင်း ပါးစပ်ကနေ ငါ့နာမည် ခေါ်တာ ကို ဒါနောက်ဆုံးကြားတာပဲ ဖြစ် ပါရစေ နောက်ဆို ငါ့ကို မင်း ဘာအတွက်နဲ့မှ ဖုန်း မဆက်နဲ့တော့ ဆက်လို့ လည်း ရမှာ မဟုတ်တော့ပါဘူး"

"မင်း စကားတွေက ဆန်း လှ ချည်လားကွ ပြီးတော့ ရင့်ရင့်သီးသီး တွေပြောလို့ပါလားကွ ငါက မင်းအလုပ်ရှင်ဆိုတာကော သိသေးရဲ့လား "

"ဟားဟား မင်းပြောနိုင်လည်း ဒီတစ်နေ့ပါကွာ မင်းနဲ့ ဘာမှ ပြောနေစရာမလိုတော့ဘူးကွာ အာ ဒါနဲ့ ငါ စကားတစ်ခွန်းတော့ ပြောလိုက်မယ် မင်းKris ကို စောင့်ရှောက်ပိုင်ခွင့်ငါသေတောင် မရဘူးမှတ်ထား ဘာလို့လဲ သိလား မင်း နဲ့ မထိုက်တန်လို့ပဲ"

"မင်း ကပြောတော့ ငါလည်း တစ်ခုတော့ ပြန်မေးပါရစေ "

"မင်းကရော Kris ရဲ့ မွေးစားအဖေ ဖြစ်ထိုက်ရဲ့လား ဟားဟားဟား-----ဟားဟား"

"တောက် မင်းကွာ မင်း"ဆိုပြီး kim တစ်ယောက် ဒေါသ ကြီးစွာ ဖုန်းကို ပြစ်ပေါက်လိုက်ပြီး ကြမ်းပြင်ပေါ် အရုပ်ကြိုးပျက် ထိုင်ချလိုက်ပြီး ငေးမောတွေဝေနေလေသည်။

အပေါ်ထပ်တွင် အိပ်နေသော kris suho တို့နှစ်ယောက်လန့်နိုးသွားသည်။ အောက်ထပ်တွင် အိပ်နေသော O လေးလည်း လန့်သွားကာ ထ၍ငို လေတော့သည်။O လေးငိုသံကြောင့် Soo တစ်ယောက်နိုးသွားပြီး ကဗျာကသီ ထချီကာ ချော့နေလေသည်။Kris လည်း O လေးငိုသံကြား၍ ပြေးဆင်းလာလေသည်။Suho လည်း လိုက်လာလိုက်သည်။

Love is ( KT Yaoi)Where stories live. Discover now