လောကမှာ လူတိုင်းလိုလို အချစ်ကို ခံစားဖူးမယ်လို့ ကျွန်တော်ထင်တယ်။
လူတိုင်းလိုလို မလို့လဲ အချစ်ကို ဖွင့်ဆိုတဲ့
အဓိပ္ပယ်တွေ သိပ်များတာ ဖြစ်လိမ့်မယ်။
ဒါပေမဲ့ လူတစ်ချို့ နားမလည်နိုင် တဲ့ အချစ်မျိုး ကျွန်တော့်ဆီကို ဝင်ရောက်လာခဲ့တယ်ဗျ။
ဒါပေမဲ့ ကျွန်တော်ထင်တာသာ မမှားဘူးဆိုရင်
အချစ်ဆိုတာ တကယ်တော့ တစ်ခုတည်းလို့ပေါ့
အဲ့ဒါကတော့ လူနှစ်ယောက် နှလုံးသားချင်းနီးစပ်ပြီး ပေါ်ပေါက်လာတယ်ဆိုတာပါပဲ။
ဒီတော့ လူနှစ်ယောက်ဟာ မိန်းမနဲ့ယောက်ျားပဲဖြစ်ဖို့လိုလို့လားလို့
ကျွန်တော်တွေးမိပါတယ်။
ကျွန်တော်သူ့ကို ချစ်သည် ဒါက မှားယွင်းတယ်ဆိုရင်တောင် မှားယွင်းနေတယ်ဆိုရင်တောင်မှ ကျွန်တော် သူ့ကို ချစ်နေမှာပါ ဘာလို့ဆို သူကျွန်တော့်ကို ချစ်နေတယ်ဆိုတဲ့ အမှန်တရားကို ကျွန်တော်သိနေလို့ပါပဲ။
သူနဲ့ ကျွန်တော် အမှန်တရားကို သိနေတယ်ဆိုတာလေးနဲ့တင်လုံလောက်နေပါ ပြီ ပြည့်စုံနေပါပြီ။ကျွန်တော်တို့ နှစ်ယောက်ရဲ့ မျက်ဝန်းတွေနဲ့တင် လှပတဲ့ အချစ်တစ်ခုက ပေါ်ပေါက်နေပြီးသားမို့ တခြားအရာတွေမလိုတော့ဘူးထင်တယ်။
ကျွန်တော် O လေးကို ချစ်သည် O လေးလည်း ကျွန်တော့်ကို ချစ်သည် ပြည့်စုံနေပါပြီ။
ဒါအမှန်တရားတစ်ခုလား ဆိုတော့ ဟင့်အင်း မဟုတ်ပါဘူး အမှန်တရားဆိုတာထက်ပိုတဲ့ ကျွန်တော်တို့ရဲ့အချစ်တွေပါပဲ ကျွန်တော်တို့နှစ်ယောက် ဖွင့်ဆိုတဲ့ လှပတဲ့ အချစ်ရဲ့ အဓိပ္ပယ်ပဲပေါ့ဗျာ။
YOU ARE READING
Love is ( KT Yaoi)
FantasyThis is my first fic Hey guys if u enjoy my fic Please don't forget to click the stars okkie