Kim တစ်ယောက် ဒီနေ့ နေရာတစ်ခုကို သွားဖို့ ပြင်ဆင်နေလေသည်။ထိုစဉ်
" ဖေဖေ သားလိုက်ခဲ့လို့မရဘူးလား "
" သားရယ် ဖေဖေက အလုပ်ကိစ္စ တစ်ခုရှိလို့ သွားရမှာ သားရဲ့ သားလိုက်ရင် မေမေနဲ့ Oလေးကို ဘယ်သူ ဂရုစိုက်မှာလည်း ဟုတ်ဖူးလား "
" အာ ဟုတ်သားပဲ ဒါဆို ဖေဖေ စိတ်ချလက်ချသာ သွား မေမေနဲ့ ညီလေးကို သားကြည့်ထားမယ် "
" ဖေဖေ လည်းမြန်မြန် ပြန်လာမှာမို့ စိတ်မပူပါနဲ့ ဟုတ်ပြီလား "
"nae "
" လာ ဖေဖေ တို့ မေမေ ဆီ သွားရအောင် "
Kim နဲ့ Kris လည်း Soo ဆီလာခဲ့လိုက်သည်။" Soo အကို နယ်ဘက် ခဏသွားလိုက်ဦးမယ်နော် "
" အင်းအင်း ဂရုစိုက်သွားနော် ဟိုရောက်ရင် ဖုန်းဆက်လိုက်နော် "
" okok "
Kris နဲ့ Soo လည်း Kim ကို တံခါးဝကို လိုက်ပို့ကာ ဂရုစိုက်သွားဖို့ နဲ့ ဖုန်းဆက်ဖို့ကို တတွတ်တွတ်သာ မှာနေတော့သည်။Kris ကတော့ သူ့ဖေဖေဘယ်ကို သွားသည်ကိုသာ သိချင်နေလေသည်။" မေမေ ဖေဖေက ဘယ်နယ်ကို သွားတာလဲဟင် "
" မေမေလည်း မသိပါဘူးသားရယ် သူခရီးတစ်ခုလောက်သွားချင်တယ်လို့သာ ပြောပြထားတာ ဘယ်ဆိုတာ ထည့်မပြောထားဘူး သားရဲ့ စိတ်မပူပါနဲ့ သားဖေဖေ ည ပြန်ရောက်မှာပါ နီးတယ်လို့တော့ ပြောတာပဲ "
" nae "
သူတို့ အိမ်ထဲ ပြန်ဝင်ဖို့ လုပ်နေစဉ်" Kris နေဦး နေဦး ငါ လာမလို့ "
အော်ပြောလိုက်သော စကားသံကို ကြားတော့ kris တစ်ယောက် မသိမသာလေးပြုံးလိုက်မိသည်။ဘယ်သူ ဖြစ်မလဲ ဟို အသားဖြူ ပဲနေမှာပေါ့။ကျွန်တော် နဲ့သူ တော်တော်လေး ခင်မင်နေမိသည်ဗျာ။ကျွန်တော် အမှန်တိုင်းဝန်ခံရရင်တော့ ကျွန်တော် Suho ကို ကျွန်တော့်ရဲ့ ညီအကို တစ်ယောက်လို ခင်နေမိပြီ ကျွန်တော်ထင်သည် သူလည်း တူတူ ပဲနေမှာပါ။" ဟောဟဲ------- မောလိုက်တာကွာ "
" မင်း ဘာလို့ ပြေးလာတာလဲ "
" မင်းတို့ သားအမိကို မြင်လို့ လေ တံခါးပိတ်တော့မှာ ဆိုတော့ ငါမှီ အောင်လို့ "
YOU ARE READING
Love is ( KT Yaoi)
FantasyThis is my first fic Hey guys if u enjoy my fic Please don't forget to click the stars okkie