Part2

295 29 0
                                    

May 10
ဒီနေ့တော့ ဆေးရုံဆင်းကဆင်းပါပြီ။ကျွန်တော်တို့အိမ်လေးဖြစ်တဲ့ Lucky one အိမ်ဂေဟာဆီသို့ ပေါ့။ကျွန်တော်တို့ မိသားစုလေး က အရမ်းချမ်းသာတဲ့ မိသားစုတော့မဟုတ်ပေမဲ့ ဖေဖေနဲ့မေမေ က အနုပညာသမားတွေဖြစ်တော့ ကျွန်တော်တို့ အိမ်လေးကအရမ်းလှနေတာလို့ ထင်တယ်ဗျ။ဖေဖေက သီချင်းရေးဆရာပါ။ဖေဖေရေးသမျှ သီချင်းတိုင်းကို ကျွန်တော်နားထောင်ရတာ အရမ်းကြိုက်တယ်ဗျ ဖေဖေကသီချင်းရေးပြီးတိုင်း မေမေနဲ့ကျွန်တော့်ကို အရင်ဆိုပြပြီးနားထောင်ခိုင်းတယ်။သီချင်းရေးဆရာမို့ လို့ အသံဆိုးတယ်မထင်လိုက်နဲ့ဗျ ဖေဖေအသံက အရမ်းကောင်းတယ်။ဖေဖေကို ဂီတပညာရှင်လို့တောင် တင်စားကျတဲ့အထိဖေဖေရဲ့ သီချင်းတွေက အရမ်းကို အနုပညာလက်ရာမြောက်လှပါသည်။ဖေဖေရဲ့ အနုပညာကို အားကျသလိုမေမေ့ရဲ့အနုပညာကိုလည်းမေ့ထားလို့ရမယ်မထင်ဘူးဗျ။မေမေကတော့ အိမ်ရှင်မကောင်းတစ်ယောက်ပါ ဒါပေမဲ့ ရိုးရိုးအိမ်ရှင်မလေးတော့မဟုတ်ဘူးဗျ မေမေကလေ အစားစာလေးတွေ အလှဆင်တတ်တယ်ဗျ အနုပညာမြောက်အောင် ဒါကြောင့်လဲ မူကြိုမှာ ကျွန်တော့် ရဲ ထမင်းဘူးက အမြဲတမ်း အလှဆုံးဖြစ်နေခဲ့တာပေါ့(နည်းနည်းရယ်စရာကောင်းသွားမှာပေါ့နော်)ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်ထမင်းဘူးလေးကို အမြဲတမ်းတန်ဖိုးထားတယ်ဗျ
တစ်ခါတစ်ခါလေ စားတောင်မစားရက်အောင်လှတယ်ဗျ။ ဒါလေးတွေကို ခု ကျွန်တော်တစ်ယောက်ထဲ မခံစားရတော့ဘူးဗျ O လေးရှိနေပြီလေ တူတူ မျှဝေခံစားရတော့မှာမို့ပျော်မိသည်ဗျာ တကယ်ပါ။O လေးကို ကျွန်တော် မြန်မြန် ကြီးလာစေချင်ပြီဗျာ။ဒါမှ ကျောင်းသွားကျောင်းတက်တူတူဖြစ်နေမှာလေ ကျွန်တော့်အတွက်သူငယ်ချင်းရတာပေါ့။
ကျွန်တော့်မှာ သူငယ်ချင်းမရှိဘူးဗျ တစ်ယောက်ထဲနေရတာကိုပဲ သဘောကျတယ် ဘာလို့လဲဆိုတော့ အင်းဒီလိုပါပဲဗျာ ကျွန်တော့် ယုံကြည်ချက်တစ်ခုကြောင့်ပါ။ဖေဖေနဲ့မေမေ အကြောင်းကြွားနေရတာ မောသွားပြီဗျာ။
အင်းခုကျွန်တော်တို့အိမ်ရောက်ပါပြီ။Oလေးကတော့ အိပ်ပျော်နေပြီဗျ။ချစ်ဖို့ကောင်းလိုက်တာ။အင်းတစ်ခုတော့ရှိတယ် မေမေက အားသိပ်မရှိသေးတော့ အိမ်ရှင်မ တာဝန်ကို ဖေဖေက ခဏလက်လွဲယူမယ်ထင်တယ်။အင်း-----တစ်လလောက်တော့ သည်းခံစားရမယ်ဗျာ။ပြန်မပြောနဲ့နော် ဖေဖေကလေ ထမင်းဟင်းချက်တာ အရမ်းညံ့တာဗျ ကြက်ဥတောင် တူးပြီးခြစ်နေအောင်ကြော်တာ။ဒီလောက်ဆို သိလောက်ပြီပေါ့နော်။အင်း ကျွန်တော်လည်း ကျွန်တော့် အခန်းလေးထဲဝင်ပြီး အိပ်ယာပေါ်ပြစ်လှဲလိုက်သည်။ဖေဖေကတော့ မေမေ့ကို အိပ်ခန်းထဲလိုက်ပို့လိုက်သည်။(ခဏအကြာ)သားရေ krisထထ ဟုသောအသံကိုကြားမှ ကျွန်တော်သိလိုက်သည် က
ကျွန်တော်အိပ်ပျော်သွားသည်ကိုပေါ့။

Love is ( KT Yaoi)Where stories live. Discover now