Follow Heart....

31.1K 2.4K 128
                                    

Unicode

မနက်၆နာရီဆို ပုံမှန် နိုးနေတတ်တဲ့ ကျနော့်မျက်လုံးတွေက မပြောင်းလဲဘဲ ဒီနေ့လည်း နိုးလာခဲ့တယ်...

ပြောင်းလဲသွားတာကတော့ မျက်လုံးဖွင့်ဖွင့်ချင်း မြင်ရတဲ့ မြင်ကွင်း..

အရင်ရက်တွေကဆို အိပ်ယာနိုး မျက်စိပွင့်တာနဲ့ အရင်ဆုံးမြင်ရတာက မျက်နှာကြတ်ဖြူဖြူ..ဒါမှမဟုတ်ရင် နဘေးက နံရံဖြူဖြူ..

ဒီနေ့မနက်ကတော့ အရင်ရက်တွေကနဲ့ လုံးဝမတူ...။

ကျနော်မြင်ရတာက ဖွေးဖြူနေတဲ့ သူ့ ရင်ဘတ်ဖြူဖြူကျယ်ကျယ်....၊

အထက်ကိုမော့ကြည့်လိုက်မယ်ဆိုရင်တော့ သူ့မျက်နှာချောချောကို ကျနော် မြင်ရမှာပါ...

ဒါမယ့် မော့မကြည့်ပါရစေနဲ့..သူ့ရင်ဘတ်မြင်နေရတာကို လူကရှိန်းတိန်းဖိန်းတိန်းနဲ့ နှလုံးခုန်မြန်နေတာကို...၊မော့ကြည့်မိလို့ သူ့မျက်နှာမြင်မိရင် ကျတော် ဘာဖြစ်သွားမလဲဆိုတာ အာမမခံရဲ...

စိတ်ထိန်းနေသည့် ကြားကပင် မနေနိုင်စွာနဲ့ သူ့ရင်ဘတ်ပေါ် ကျတော့် ဘယ်လက်အုပ်တင်ထားလိုက်မိတယ်...။

သူ့ရင်ဘတ်ပေါ်မှာ ကပ်နေတဲ့ ကိုယ့်လက်ကို ကြည့်ရင်း ကျနော်Byun Baekhyunသဘောတကျပြုံးလိုက်ပြီး သူ့ရင်ညွန့်အစပ်လေးကို ကျနော့့်နှုတ်ခမ်းပါးနဲ့ အသာဖိကပ်နမ်းလိုက်မိတယ်....

ကျနော် ဘာဖြစ်နေတာပါလိမ့်??အရင်က baekhyunမဟုတ်တော့သလိုပဲ...

ကိုယ့်အတွေးနဲ့ ကိုယ့်ဟာကို မလုံမလဲ ဖြစ်ပြီး သူ့ရင်ဘတ်ပေါ်က ကျနော့် နှုတ်ခမ်းပါး ခွာပြီး ကျနော့်မျက်နှာသူ့ရင်ဘတ်နားကနေ အနည်းငယ်ခွာလိုက်ပေမယ့်....

"အ.."

တညလုံး ကျနော့်ခါးပေါ် လက်တင်အိပ်ထားတဲ့ chanyeolလက်တဖက်က ကျနော့်ခါးကို တင်းနေအောင်ပြန်ဆွဲဖက်လိုက်ပြီး သူ့ရင်ခွင်ထဲ ပြန်ဆွဲသွင်းလိုက်တော့ ကျနော့်မှာ အလန့်တကြားအော်လိုက်မိတယ်...

သူ့ရင်ဘတ်နဲ့ ကျနော့်မျက်နှာ တည့်တည့်အပ်မိလို့လူက အသက်ရှုမဝတာနဲ့ နည်းနည်းလောက် လွန့်လူးမိပြန်တော့....

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now