Unicode
Baekhyunအတန်းသွားဖို့ အဆောင်ခန်းထဲကနေ လွယ်အိတ်လေးလွယ် စာအုပ်လေးတွေပိုက်ပြီး အဆောင်ကနေ ထွက်လာခဲ့တယ်...
စာသင်ဆောင်တွေဘက် အသွား ကော်ရစ်တာထောင့်ချိုးလေးကိုအကွေ့ လူတယောက်နဲ့ ဝင်တိုက်မိတယ်..
"အင့်.."
တိုက်မိလိုက်တဲ့ အရှိန်ကြောင့် baekhyunဖင်ထိုင်ရက်ပြုတ်ကျသွာကာထောက်မိထောက်ရာထောက်လိုက်တော့ လက်ကောက်ဝတ်ကလည်း နာသွားတယ်..။နာနေတဲ့လက်လေးကို ဖိပွတ်လိုက်ရင်း လဲကျနေရာကနေ ကုန်းထလိုက်ပြီးပြန့်ကျဲနေတဲ့ စာအုပ်တွေကိုလည်း ကုန်းကောက်ရင်း...
"တောင်းပန်ပါ...."
ဦးညွှတ်ပြီးပြန်အမော့ တွေ့လိုက်ရတဲ့သူကြောင့် တောင်းပန်စကားတွေတောင် လေထဲတန်းလန်းနဲ့ရပ်သွားတယ်...
Baekhyunတွေ့လိုက်ရတာက...
"Eeee...မျက်ခုံးမွှေးကြီး.."
နာမည်မသိလို့ ကိုယ့်ဘာသာကိုယ် ပေးထားတဲ့ နာမည်ကိုပဲ အယောင်ယောင်အမှားမှားနဲ့ ထွက်သွားတယ်...
Baekhyunခေါ်သံကြောင့် Yifanမျက်မှောင်ကြုတ်သွားတယ်..။ပြီးတော့မှ ရှေ့ကနေ ကုပ်ကုပ်လေး ရပ်နေတဲ့ baekhyunကိုစူးစူးစိုက်စိုက် ကြည့်လိုက်တယ်..။
ဟင့်အင်း...ကြောက်တယ်.။အဲ့အကြည့်စူးစူးတွေကို..။သူတို့အိမ်ကို chanyeolခေါ်လို့ လိုက်သွားတုန်းကလည်း အဲ့လူကြီးက ဒီလိုမျက်လုံးတွေနဲ့ပဲ ကြည့်ခဲ့တာမလား??ပြီးတော့ ဟိုတယောက်ကြောင့် ကျနော်ခေါင်းပေါက်ခဲ့တယ်လေ...။ခုရော သူ့အကြည်တွေပြီးရင် ဘာလုပ်ခံရဦးမှာလဲ??
"နေစမ်းပါဦး..မင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ်.။ထပ်ပြောပါဦး..ဘယ်လိုခေါ်လိုက်တယ်.."
ဇက်တချက်ချိုးကာ ခြေတလှမ်း ရှေ့တိုးပြီး မေးခွန်းထုတ်လိုက်တဲ့ Yifanပုံစံက baekhyunကိုနေရာမှာတင် မလှုပ်မယှက်ရပ်သွားစေတဲ့ အထိ ဖြစ်သွားစေတယ်...
"---"
"Ya!!မေးနေတာ ဖြေလေ.။ဘယ်သူ့ကိုဘယ်လိုခေါ်လိုက်တယ်!!ဘာ...မျက်ခုံးမွှေးကြီး..။ဧကန္တ..ဒါကိုကြည့်ပြီး ခေါ်လိုက်တာလား??"
ESTÁS LEYENDO
Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)