မြက်ခင်းစိမ်းပေါ်က အုတ်ဂူဖြူဖြူလေးက ငြိမ်းချမ်းခြင်းကို ဖော်ပြနေသယောင်....
လက်ထဲက ကိုင်လာတဲ့ ဒေလီယာပန်းစည်းလှလှလေးကို အုတ်ဂူပေါ်တင်ပေးလိုက်တော့ လေတချို့ တိုးဝှေ့သွားတာက ကျနော့် ဆံစတွေတောင် လွင့်ပျံ့လို့...
"အေးချမ်းတယ်ဟုတ်??"
ဖွေးဖွေးဖြူနေတဲ့ အရောင်သုတ် အုတ်လေးတွေကို လက်နဲ့ အသာပွတ်ရင်း ပြောလိုက်မိတော့ ကျနော့် လက်မှာ ဖုန်တချို့က ကပ်ြင်ိလျက်...
ဘယ်သူမှ မလာကြဘူးလား???
"ပျင်းနေတာလားဟင်??တောင်းပန်ပါတယ်..မလာခဲ့မိလို့..တကယ်ဆို အကြိမ်များစွာ လာခဲ့ရမှာကို..ခုနဲ့မှ ၂ခါပဲ ရှိသေးတယ်နော်..စိတ်မပူပါနဲ့..နောက်ဆို အမြဲလိုလို လာတော့မှာမို့လို့.."
ပြောပြီး ကျနော် သဘောတကျ ပြုံးလိုက်မိတယ်..။
ပတ်ဝန်းကျင်ကို တချက် လေ့လာကြည့်လိုက်တော့ ကျနော်ကလွဲပြီး ဘယ်သူမှ ရှိမနေ...။ကျနော် နှစ်နှစ်ရရ ပြုံးပြလိုက်ပြီး...
"Soju..ကြိုက်တယ်မလား??သောက်ရအောင်နော်."
မြက်ခင်းပြင်ပေါ်က အိတ်အမည်းလေးထဲက sojuပုလင်း အဖုံးကိုဖွင့်ပြီး အုတ်ဂူလေးပေါ် တင်ပေးလိုက်ချိန်မှာတော့..
"Baekhyun???"
အတည်သပြုမေးသံလိုနဲ့ ကျနော့်ကို ခေါ်လာလို့ လှည့်ကြည့်လိုက်မိတော့ တချိန်က koreaနိုင်ငံရဲ့ သမ္မတ ခုချိန်မှာတော့ စီးပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်နေတဲ့ Mr.Park Gun Lee...
"အာ..Arpugyi...Annyeonghaseyoe.."
ဦးညွတ်အရိုသေပေးလိုက်တော့ Mr.Parkက ကျနော့်ပခုံးကို မနာအောင် အသာထိန်းရု်ိက်ပြီး အုတ်ဂူလေးပေါ်က sojuပုလင်းကို ဘေးပတ်ပတ်လည် ဖျန်းပေးလိုက်တယ်..
"အချိန်ရတယ်မလား??စကားပြောရအောင်လေ.."
ကျနော့်ကို လှည့်ကြည့်ရင်း ပြောလာတာကြောင့် ကျနော် ခေါင်းငြိမ့်ပြလိုက်တော့ သူက အုတ်ဂူဘေးမှာ ထိုင်ချလိုက်တာနဲ့ ကျနော်ပါ လိုက်ထိုင်လိုက်မိတယ်...
YOU ARE READING
Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)