Go Astary My Heart

27.4K 2.2K 143
                                    

Unicode

"Minseok hyung!!!"

ကိုယ့်နာမည်ကို ခေါ်ခံလိုက်ရတာကြောင့် အောက်ကိုထိပြီး ပြန်ကန်တက်လာတဲ့ basketballလေးကို အသာဖမ်းပိုက်လိုက်ပြီး နောက်ကိုလှည့်ကြည့်မိတော့ လက်ရမ်းပြရင်း ပြေးလာတဲ့ baekhyunee...

Minseokလည်း လက်ပြန်ဝှေ့ပြလိုက်ပြီး နေရာမှာတင် မတ်တပ်ရပ်စောင့်နေမိတယ်..၊

"Mianhaenae..ပြောစရာလေးရှိလို့.."

အပြုံးတပွင့်..၊တောင်းပန်စကားတခွန်းနဲ့အတူ အနားကို အပြေးလေးရောက်လာတဲ့ baekhyunကို Minseokပြန်ပြုံးပြလိုက်ပြီး...

"Arnyi...မဟုတ်တာ..၊ပြောလေ baekhyunက ဘာပြောချင်လို့ပါလိမ့်??"

ရွှတ်နောက်နောက်ပုံစံနဲ့ Minseokပြောလိုက်ပေမယ့် baekhyunကတော့ ဟန်ဆောင်ပြုံးလေးနဲ့..

"ဟို..Chanyeolကို တွေ့လားလို့လေ..၊ကျနော် တမနက်လုံး မတွေ့ရသေးလို့.."

အပြုံးမမည်တဲ့ အပြုံးလေးနဲ့ မေးလာတဲ့ baekhyun ကို ကြည့်ပြီး Minseokအံ့သြသွားရတယ်...

Chanyeolဆိုတာ သူနဲ့အတူတူနေတဲ့သူ မဟုတ်ဘူးလား??ဒါကို ဘာကိစ္စနဲ့ လာမေးနေရတာလဲ??

"Arnyi...မတွေ့မိပါဘူး..၊Baekhyunတို့ ရန်ဖြစ်ပြန်ပြီလား?"

Minseokအမေးကို Baekhyunမျက်နှာငယ်လေးနဲ့ ဖြေးဖြေးချင်းစီ ခေါင်းငြိမ့်ပြလာတယ်...

Minseokလည်း သက်ပြင်းချလိုက်ပြီး...

"မနေ့ကတင် ဖွင့်ပြောမယ်ဆိုပြီး..မပြောခဲ့ရဘူးလား??"

သူ့အမေးကို Baekhyunတော်တော်နဲ့ ပြန်မဖြေ..၊ခဏကြာမှ ရှိုက်သံတစ်ခုနဲ့အတူ..

"သူကျနော့်ကို မုန်းသွားပြီ hyung.."

ခေါင်းငုံ့နေရာကနေ ပြောလိုက်တဲ့ baekhyun စကားကြောင့် minseokအံ့သြသွားရကာ...

"ဘယ်လိုရယ်..မဖြစ်နိုင်တာတွေ..ခရီးတုန်းကတောင် သူက ဂရုစိုက်ခဲ့သေးတယ်ဆို..."

Baekhyunဘာဆိုဘာမှ မတုန့်ပြန်နိုင်တော့..၊ ဝမ်းနည်းမှု ၊ နာကျင်မှုတွေကြောင့် ကျလာတဲ့ မျက်ရည်တွေကိုပဲ ထိန်းချုပ်မနေတော့ဘဲ လွတ်လွတ်လပ်လပ်ကျစေလိုက်တော့တယ်...

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now