The Most I Frighten is...

25.5K 2.4K 77
                                    

Unicode

"Baekhyun ah~~~"

နဘေးမှာ ထိုင်နေတဲ့ JaeJoonက လက်ကုပ်ခေါ်လိုက်တာနဲ့ စိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး လှမ်းကြည့်သွားလိုက်တော့ JaeJoonက အခန်းပေါက်ကို မေးငေါ့ပြလိုက်ရင်း...

"မင်း Hyung လာစောင့်နေပြီ..."

သူပြရာကို ကြည့်လိုက်တော့ MinSeok hyungက အခန်းပေါက်ဝကနေ လွယ်အိတ်လေးပိုက်ရပ်နေပြီး ကျနော့်ကို တက်တာလုပ်ပြရင်း ပြုံးပြနေတယ်...။

ကျနော်လည်း ပြန်ပြုံးပြလိုက်တော့...

"မင်းတို့ဘယ်တော့weddingလုပ်မှာလဲ??"

အနားကပ်လာပြီး တိုးတိုးလေးမေးလိုက်တဲ့ JaeJoonအမေးကြောင့် ကျနော် ခေါင်းသာ အသာခါရမ်းပြလိုက်ပြီး ရှေ့ကလှန်ထားတဲ့ စာအုပ်ကိုသာ ကြည့်နေလိုက်တော့တယ်..၊သူတို့တွေက ကျနော်တို့ကို အတွဲတွေထင်နေကြတာပဲ...၊

ကျနော် ချစ်ရသူကရော???

မနက်က Chanyeolပြန်ရောက်လာတယ်...၊၃နှစ်ကျော်မှ ပြန်တွေ့လိုက်ရတော့ ကြောင်အနေတုန်း သူက ဘယ်ရောက်သွားတယ်မသိ....၊စိတ်နဲ့ကိုယ် ပြန်ကပ်သွားချိန်မှာ ကျနော် သူ့ကားလေးမောင်းသွားတဲ့ ကျောင်းလမ်းဘက် အမြန်ပြေးလိုက်သွားပေမယ့်....ကားနဲ့သွားတာလည်း ဖြစ်သလို ကားမောင်းကြမ်းတဲ့ သူ့နောက်ကို ကျနော်လို သာမန်လူတယောက်က အမှီလိုက်နိုင်ပါ့မလား??

Huk..Park Chanyeolဆိုတာလေ..ပြန်ရောက်ကတည်းက ကျနော့်ကို မဲ့ပြုံးတခုနဲ့ သတ်သွားခဲ့တာ...

"Baekhyun ah~~"

ပခုံးကို ကိုင်လှုပ်ပြီး ခေါ်လိုက်တဲ့ အသံကြောင့် ကျနော် လန့်သွားပြီး မော့ကြည့်လိုက်တော့ လူကို မျက်လုံးအဝိုင်းသားငေးကြည့်နေတဲ့ Minseok Hyung...။huk..အတန်းထဲ စာသင်နေတဲ့ ဆရာတယောက် ထွက်သွားတာတောင် မသိလိုက်ရတဲ့ အထိကို ကျနော့်စိတ်တွေ လေလွင့်နေတာပါလား..

"Hyung..."

တိုးတိုးလေးခေါ်လိုက်တဲ့ ကျနော့်အသံအဆုံးမှာတော့ Hyungက သက်ပြင်းတိုးတိုးလေးချလိုက်ပြီး...

"အဆင်ပြေရဲ့လား??"

ကျနော့်ဘေးဝင်ထိုင်လိုက်ပြီး ကျနော့် ဆံပင်တွေကို အသာပွတ်ပေးရင်း မေးလာတဲ့ MinSeok Hyungရဲ့ ပခုံးပေါ် ကျနော် မှီအိပ်လိုက်မိတယ်...

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now