Unicode
"Yeol.."
"Inn..."
တခွန်းခေါ်ရုံရှိသေး..သူအာရုံဝင်စားနေတဲ့ phoneဆီကနေ ချက်ချင်း အာရုံပြီး ကျနော့်ဆီ စူးစိုက်မှု ပေးလာတဲ့ သူ့ကိုလေ ကျနော် ချစ်လိုက်တာနော်...
"ပြောလေ..ဘာဖြစ်လို့လဲ??"
နာမည်ခေါ်ပြီး ဘာစကားမှ မပြောဘဲ သူ့ကိုသာလျှင် ပြုံးပြီးကြည့်နေတဲ့ ကျနော့်ကို သူကလည်း ခပ်ပြုံးပြုံလေးနဲ့ ပြန်မေးလာပါတယ်...
"ဘာမှမဟုတ်ပါဘူး..ငါတယောက်လုံး yeolဘေးမှာ ရှိနေတာကို..ဂရုမစိုက်ဘဲ ဘာလို့ phပဲ အာရုံရှိနေတာလဲလို့ပါ..ဘာတွေကများ ငါ့ထက် စိတ်ဝင်စားစရာကောင်းနေလို့လဲ??"
တမင်တကာငြူငြူစူစူလေး ပြောလိုက်တော့ ချက်ချင်းဆိုသလို သူ့လက်ထဲက phက ဘောင်းဘီအိတ်ထဲ ထိုးသိမ်းလိုက်ပြီး လက်တဖက်နဲ့ ကျနော့်ကို သူ့ရင်ခွင်ထဲ ဆွဲသိမ်းလာလေရဲ့..
"တော်ပါ..ခုမှ..ပြောမှ လာမဖက်နဲ့..၊အဲ့လိုပြောမှ ဖက်မယ်ဆိုရင်လေ Baekhyuneeတို့က sorryပဲ..ဟွန်း.."
ပြောလည်းပြော သူ့ရင်ဘတ်ကိုလည်း အသာတွန်းဖိပြီး ထွက်ဖို့ပြင်လိုက်တော့..
"အာ...hyuneeကလည်းကွာ..မကောက်ပါနဲ့..၊ကိုယ်က hyuneeကို ဂရုမစိုက်တာ မဟုတ်ပါဘူး..၊Yifan hyungက ဒီည အကွက်တကွက် ရှိတယ်ဆိုလို့..အဲ့ဒါ ကိုယ်တို့လိုက်သွားမလို့..ပြီးတော့ အငယ်ကောင် sehun နဲ့ kaiကလည်း ညကျ ကားပြိုင်ပွဲရှိတယ်တဲ့လေ..အဲ့ဒါ ကိုယ် အစီအစဉ်ချနေတာကြောင့်ပါ.."
ကျနော့်ကိုယ်ကို သူ့ရင်ခွင်ထဲ ပြန်ဆွဲသွင်းရင်း ပြောလာတဲ့ သူ့စကားတွေကို နားထောင်လိုက်ပြီး ကျနော် သက်ပြင်းလေးလေးချလိုက်မိတယ်...
ကန်ရေပြင်ကို ဖြတ်ပြီး တိုက်လာတဲ့ လေနုအေးတွေကို ခံစားလိုက်ရင်း ကျနော် သူ့ခါးကို ပြန်တွယ်ဖက်လိုက်ကာ..
"Yeol..Hyuneeပြောစရာရှိတယ်..."
"Ooo..ဘာတွေများ ပူဆာမလို့လဲ my puppy..လိုချင်တာပြောစေဗျာ..."
YOU ARE READING
Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)