ကလင်..ကလင်..
ကလင်..ကလင်....ကျောင်းသူကျောင်းသာတွေနဲ့ ပြည့်ညက်နေတဲ့ လမ်းမပေါ်မှာ စက်ဘီးလေး တစ်ဘီးနဲ့ ကုန်းလျှောဆင်းလာတဲ့ ကျောင်းသားတစ်ယောက်....
ပါးစပ်ထဲတွင် ပေါင်မုန့်ကို ကိုက်ထားပြီး လက်တစ်ဖက်က နွားနို့ဘူးကို ကိုင်ထားလေသည်....
ဆံပင်တွေကလဲ လေတစ်ချက် အဟုန်အဟွေ့နဲ့ ကေပျက်ကာ လူရုပ်ပင် မထွက်တော့ပါချေ.....
ထို စက်ဘီးလေး ကျောင်းထဲကို ရောက်သွားမှ ဘေးနားက ကျောင်းသားကျောင်းသူအပေါင်း ကလင်သံမှ လွတ်မြောက်ရတော့သည်.....
"လခွမ်းနဲ့မှပဲ!!!ကျောင်းသားအသစ်ဆိုတော့ ရှစ်နာရီလာခိုင်းတာ...
အခု ကိုးနာရီ မက်တင်း~~~
မင်း သေပေတော့ ငဗြောင်...."ကွကိုယ် စိတ်ထဲမှာရေရွတ်ကာ ပါးစပ်ထဲက ပေါင်မုန့်ကို ဝါး၍ နွားနို့သောက်ကာ ပြေးနေလေသည်...
ဆရာနားနေခန်း
အခန်းကို ရှာတွေ့၍ ပေါင်မုန့်ကို ပါးစပ်မှာကိုက်
အခန်းတံခါးကို ဆွဲအဖွင့်!!!!!ရှည်လျားသော အရပ်ကြောင့် သူ့ခေါင်းမှာ ထိုသူ၏ မေးစေ့ရဲ့ ကွက်တိဝင်သွားသည်.....
နှစ်ယောက်သား အကွာအဝေး လေတောင်မတိုးစေပဲ စေ့ကပ်လျက်!!!
"Yrrrr!!!!"
ထိုအော်သံကြောင့် BaekHyun မျက်နှာ မော့ကြည့်လိုက်တော့ သူ့ခေါင်းနဲ့ လောရှည်ရဲ့ မေးစေ့နဲ့ဆောင့်ပြီး လောရှည် အီစလန်ဝေသွားပြန်သည်....
"Yrrrrr!!!!!!"
သူ့မေးကို သူပွတ်ပြီး မျက်မှန်အောက်က မျက်လုံးတွေက BaekHyun ဆီ ဒိုင်းခနဲ...
ထိုနေရာတွင် စတင်းဂန်းဆိုလိုကတော့ BeakHyun တစ်ကောင် အသက်ပင် ကျန်မှာ မဟုတ်!!!!!
"Wae?"
ပါးစပ်အဟ ပေါင်မုန့်ကလေးက ထိုလောရှည်၏ ဖိနပ်ပေါ်သို့ ဘုတ်ခနဲ....

YOU ARE READING
အချေကောင်နဲ့ အမွှေဇယား
Fanfictionကိုကလဲ ခပ်ချေချေပဲ.. ဒါမဲ့လဲ ဒီကလဲ ခပ်မွှေမွှေပဲ