ဒီနေ့လဲ ကျောင်းကိုမနောက်ကျရုံရောက်ပြန်တဲ့သူ...
ဒီနေ့တော့ ပေါင်မုန့်နဲ့ နွားနို့ကို သူမယူလာတော့ပါဖူး...
အဲ့ဒီအစား သူ့ လွယ်အိတ်ထဲမှာတော့ တခြား အစားထိုး ပစ္စည်းလေးတွေ ပါလာလေရဲ့....
"BaekHyun!!!!မင်းကလဲ နောက်ကျလိုက်တာဟာ...
ပြောတော့ဖြင့် ပညာပြမယ် ဘာမယ်ဆိုပြီး..."အတန်းထဲတောင်မရောက်သေးဖူး..
ပွစိပွစိနဲ့ လုပ်နေတဲ့ သမင်မကြောင့် သူ နှာခေါင်းရှုံလိုက်ခြင်း....."မင်းကလဲကွာ အေးဆေးပါ... အချိန်မီပါတယ်....အဆ.အဆ..."
လက်ညှိုးနဲ့ လက်မကို ဝိုင်းပြရင်း ပြောင်ချော်ချော်လုပ်နေသော BaekHyunကို ကြည့်၍ Luhan ခေါင်းတခါခါဖြင့်...
"ပြီးတာပဲ...အေးဆေးရင်...
ဟော...ပြောရင်းဆိုရင်း လာပါပြီ...."BaekHyun ,Luhan စကားကြောင့် လှည့်ကြည့်လိုက်တော့ ဘယ်သူမှန်းသူမသိ!!!!
အရပ်ကတော့ ဟိုလောရှည်ထက်ပင် ပိုရှည်သည်...
အသားကလဲ ဟိုလောရှည်က ပိုဖြူ သည်ထင်....သူ ဝင်လာတော့ အတန်းထဲက တချို့မိန်းကလေးတွေ ကျွတ်ကျမတတ် ထိုသကောင့်သားအား ကြည့်နေကြသည်...
သို့သော် လုံးဝ အရယ်အပြုံးမရှိ...
ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်နှင့် စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ စာဖတ်နေသည်....
"ဘယ်သူတုန်းဟ!!!"
သူ့မေးခွန်းကြောင့် Luhanက သူ့ဇာတိပိုးကို ဖောင်းခနဲမြည်အောင် အုပ်လိုက်ပြီး ပြောလေသည်...
"အဲ့တာ မင်းမေလင် မင်းအဖေကြီး အချေကောင် နံပါတ် ၂!!!"
"ပြောပ့ါလား??ငါမှ မမြင်ဖူးတဲ့ဟာကို...အခုတော့ နောက်စိ အီစလန်ကို ဝေသွားတာပဲ သေနာကြီး..."
သူပြောတော့မှ သမင်မ အီးမှန်တဲ့ ရုပ်နဲ့ ပြန်ကြည့်လေသည်..

YOU ARE READING
အချေကောင်နဲ့ အမွှေဇယား
Fanfictionကိုကလဲ ခပ်ချေချေပဲ.. ဒါမဲ့လဲ ဒီကလဲ ခပ်မွှေမွှေပဲ